ရေစကြိုမှာ မနေ့က အသ-တ်ခံရတဲ့ ပျူတွေ အသုဘပို့တဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ ငါးယောက် ထပ်သေဟုဆို၊

ရေစကြိုမှာ မနေ့က အသ-တ်ခံရတဲ့ ပျူတွေ အသုဘပို့တဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ ငါးယောက် ထပ်သေဟုဆို၊

MFP၊ သြဂုတ် - ၃၀

မကွေးတိုင်း ရေစကြိုမြို့မှာ မနေ့က သု-တ်-သင် ရှင်းလင်းခံရတဲ့ ပျူစောထီးတွေရဲ့ အသုဘကို လိုက်ပိုတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း မြို့ပြင် သချိုင်းကုန်းနား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ငါးယောက် ထပ်သေတယ်လို့ ရေစကြိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲတစ်ဖွဲ့က ရဲဘော်အုန်းသီးက MFP ကို ပြောပါတယ်။

ဒီကနေ့ သြဂုတ်(၃၀)ရက် မနက်(၁၁)နာရီခွဲက ရေစကြိုမြိုပြင် သချိုင်းဘက် အသုဘ လိုက်ပိုတဲ့ စစ်အုပ်စုကို ရေစကြိုမြို့အဝင် ကားလမ်းဘေး မိုင်းရှင်းရင်း သွားလာနေချိန် မိုင်းကွင်ထဲ အရောက်မှာ ဖောက်ခွဲတိုက် ခိုက်ခဲ့တာလို ဆိုပါတယ်။

အဲဒီ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စကစ ငါးယောက် သေမယ်လို့ ခန့်မှန်းရပြီး မိုင်းဆွဲခံရတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို ရဲဘော်အုန်းသီးက ပြောပါတယ်။

"သူတိုဘက်ကပဲ ရမ်းပစ်နေတာ။ ကိုယ်ဘက်က မပစ်ဘူး ။ လူခွဲပြီး အသာထွက်လာတာ"လို ရဲဘော်အုန်းသီးက ဆိုပါတယ်။

မနေ့ သြဂုတ်(၂၉)ရက် မနက်(၈)နာရီခွဲက ရေစကြိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဘောလုံးကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီ-ပျံကျဈေးမှာ လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်ဖို့ လာရောက်တဲ့ ဆင်ချောင်းရွာက စစ်ကောင်စီ လက်ပါးစေ ပျူခေါင်းဆောင် စိုးမောင်ရဲ့ လူယုံ ပေါက်တောဇာတိ ပျူ ထွန်းအောင်ကျော်နှင့် နောက်လိုက် ပျူ ငါးယောက်ကို ကားပေါ်က အဆင်းမှာ တော်လှန်ရေး ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ ခြောက်ယောက်လုံး သေပြီး လက်နက်ခဲယမ်းတချို့ပါ သိမ်းယူ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပျူတွေ သု-တ်-သင် ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက ယာယီဈေးထဲက ဈေးဆိုင်တန်းနဲ့ ကုန်ပစ္စည်းတွေကို လုယက်ကာ မီးရှိဖျက်ဆီးခဲ့တဲ့အပြင် ရေစကြိုနယ်က အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အပါအဝင် ဒေသခံ ပြည်သူ သုံးဦးကို သတ်ဖြတ်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ