ပေါက်၊ ဇီးပြားရဲစခန်းက ရဲနှစ်ဦး သေနတ်နှစ်လက်၊ ကျည်(၅၀၀)နီးပါးနဲ့ CDM ဝင်လာ၊ တစ်ဦး ကျပ်သိန်း(၁၀၀)စီ ဂုဏ်ပြုပြီး လွတ်မြောက်နယ်မြေ ပို့ဆောင်၊

ပေါက်၊ ဇီးပြားရဲစခန်းက ရဲနှစ်ဦး သေနတ်နှစ်လက်၊ ကျည်(၅၀၀)နီးပါးနဲ့ CDM ဝင်လာ၊ တစ်ဦး ကျပ်သိန်း(၁၀၀)စီ ဂုဏ်ပြုပြီး လွတ်မြောက်နယ်မြေ ပို့ဆောင်၊

MFP ၊ သြဂုတ် - ၁၀

မကွေးတိုင်း ပေါက်မြို့နယ် ဇီးပြားနယ်မြေရဲစခန်းက ရဲနှစ်ဦး လက်နက်၊ ခဲယမ်းတွေနှင့်အတူ အကြမ်းဖက် စစ်အုပ်စု လက်အောက်က ရုန်းထွက်ကာ CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့အတွက် တစ်ဦးကို ကျပ်သိန်း(၁၀၀)စီ ဂုဏ်ပြု ချီးမြင့်ပြီး လွတ်မြောက်နယ်မြေ ပို့ဆောင်ပေးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် - မြိုင် ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၁၀)ရက် မနေ့က နေ့လည်ပိုင်းမှာ ပေါက်မြို့နယ် ဇီးပြားရဲစခန်းက ရဲနှစ်ယောက် (G-3)သေနတ် တစ်လက်နှင့် ကျည်ဘောက် နှစ်ခု၊ (G-4)သေနတ် တစ်လက်နှင့် ကျည်ဘောက် လေးခု၊ ကျည် (၄၇၀)နှင့် လက်ပစ်ဗုံး တစ်လုံးနှင့် အတူ မြိုင် ပကဖ ထံ CDM ဝင်လာတာလို့ ဆိုပါတယ်။

“အမြင်မှန်ရကာ ယမန်နေ့ (၂)နာရီခန့်က ပူးပေါင်း လာပါသည်။ အဆိုပါ ရဲ CDM နှစ်ယောက်အား တယောက်လျှင် သိန်း(၁၀၀)ကျပ် ပေးအပ်ဂုဏ်ပြုခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပြီး ဖြစ်ပါသည်” လို့ မြိုင် ပကဖ က ဖော်ပြပါတယ်။

စစ်ကောင်စီ လက်အောက်ခံအဖြစ် ဆက်လက် ရပ်တည်ပြီး ပြည်သူတွေကို သ-တ်-ဖြတ် အကြမ်းဖက်နေတဲ့ ရဲနှင့် စကစတွေအနေနဲ့လည်း အမြန်ဆုံး CDM လုပ်ကြဖို့ မြိုင် ပကဖ က တိုက်တွန်းထားပါတယ်။

CDM ဝင်လာတဲ့ ရဲနှစ်ဦးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မြိုင် ပကဖ က ဖော်ပြထားတာ မရှိပါဘူး။

မြိုင် ပကဖ ထံ CDM ဝင်လာတဲ့ ရဲတစ်ဦး (ပုံဟောင်း)/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ပေါက် #မြိုင် #ပကဖ #CDM #ရဲ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ