စစ်ပွဲအတွင်း အမျိုးသမီးတွေ အကြမ်းဖက် မခံရဖို့ နိုင်ငံတကာ ဥပဒေတွေက ဘယ်လို ကာကွယ်ပေးထားလဲ

စစ်ပွဲအတွင်း အမျိုးသမီးတွေ အကြမ်းဖက် မခံရဖို့ နိုင်ငံတကာ ဥပဒေတွေက ဘယ်လို ကာကွယ်ပေးထားလဲ

MFP ၊ သြဂုတ် - ၂၈

စစ်ပွဲနှင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားတိုင်း အဆိုးရွားဆုံး ထိခိုက်နစ်နာမူတွေ ကြုံတွေ့ ခံစားရသူတွေထဲ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေက စစ်မက်ကာလအတွင်း အမျိုးသမီးတွေ အပါအဝင် အကြမ်းဖက်မှုတွေကနေ ကာကွယ်နိုင်ဖို့ တားမြစ်ချက်တွေ ထည့်သွင်း ပြဌာန်းထားပါတယ်။

လူသားချင်း စာနာမူဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေက စစ်ပွဲကာလအတွင်း အမျိုးသမီးတွေကို ဘယ်လို အကာအကွယ် ပေးထားလဲဆိုတာ ကနေဒါ ကြက်ခြေနီအသင်းက မျှဝေထားတာကို ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခအတွင်း အမျိုးသမီးတွေကို အကြမ်းဖက်ခြင်းဟာ နိုင်ငံတကာ လူသားချင်းစာမူ ဥပဒေတွေကို ချိုဖောက်ခြင်း ဖြစ်ပါတယ်။ ၁၉၄၉ ဂျီနီဗာ ကွန်ဗန်းရှင်းနှင့် ထပ်ဆောင်း ပရိုတိုကောလ်တွေမှာ “ခွဲခြားဆက်ဆံမူ မပြုလုပ်ရ”လို့ ပြဌာန်းထားပါတယ်။ ဆိုလိုရင်းမှာ အရပ်သား အမျိုးသမီးများနှင့် စစ်မက်တွေမှာ ပါဝင်ခြင်း မရှိတော့တဲ့ အမျိုးသမီး လက်နက်ကိုင်တွေကို အမျိုးသားတွေလိုပဲ နိုင်ငံတကာ ဥပဒေတွေရဲ့ အကာအကွယ်ကို ရရှိရမယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ဒါ့အပြင် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေကို သီးခြားအဆောင်၊ အဆာက်အဦးတွေမှာ ထားရှိပေးဖို့ ပြဌာန်းထားသလို စစ်သုံ့ပန်း အမျိုးသမီးတွေအတွက်လည်း သတ်မှတ်ထားတဲ့ တိကျတဲ့ အကာအကွယ်ပေးမူတွေ ရှိရပါမယ်။

လက်နက်ကိုင်ပဋိပက္ခဒဏ်သင့် အမျိုးသမီးတွေရဲ့ အသေးစိတ် လိုအပ်ချက်တွေကိုလည်း လေးစားမူ ရှိရမှာ ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်၊ ကလေးမိခင် အထူးအားဖြင့် နိုု့တိုက်မိခင်တွေအတွက် သီးသန့် စောင့်ရှောက်မူတွေလည်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

အဓမ္မပြုကျင့်မူနှင့် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူ ပုံစံအားလုံးကို နိုင်ငံတကာ လူသားချင်း စာနာမူ ဥပဒေတွေက အတိအလင်း တားမြစ်ထားပြီး အဲ့ဒီ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ စစ်ရာဇဝတ်မူအဖြစ် အကျုံးဝင်နိုင်ပါတယ်။

စစ်မက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေက အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းထားတဲ့ ၁၉၄၉ ဂျီနီဗာ ကွန်ဗင်းရှင်းမှာ “အမျိုးသမီးတွေကို သူတို့ရဲ့ ဂုဏ်သိက္ခာအပေါ် ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေ အထူးသဖြင့် အဓမ္မကျင့်ကြံခြင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခြင်းနှင့် မဖွယ်မရာ ထိခိုက်စော်ကားမူ ပုံစံအားလုံးကနေ အကာအကွယ် ပေးရမယ်” လို့ ပြဌာန်းထားပါတယ်။

ဥပဒေကြောင်းအရ အကာအကွယ်ပေးထားပေမယ့် အမျိုးသမီးနှင့် ကလေးသူငယ်များ အေပါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမူတွေ၊ အနိုင်ကျင့် စော်ကားမှုတွေက လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ နေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ စစ်ပွဲကာလအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မူတွေ ဆက်လက် ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ ယခုထက် ပိုမိုထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေဈ အရေးယူလုပ်ဆောင်မှုတွေ လိုအပ်နေပါသေးတယ်။

လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူတွေဟာ တိုင်ကြားအစီအရင်ခံနိုင်မူ အလွန်နည်းပါးပြီး နစ်နာခံရသူတွေ အနေနဲ့လည်း အကူအညီတွေ ရရှိဖို့နှင့် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ရရှိနိုင်ဖို့ အခက်ကြုံရတတ်ပါတယ်။ လူမူရေးပိုင်းဆိုင်ရာ အသရေဖျက်မူတွေကို ကြုံတွေ့ရတာ၊ ၊မိသားစုနှင့် လူမူအသိုင်းအဝိုင်းရဲ့ ပစ်ပယ်မူ ကြုံရမှာကို ကြောက်ရွံတာနှင့် ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ အပါအဝင် ဆေးဝါးစောင့်ရှောက်မူ ရရှိဖို့ အကန့်အသတ် အခက်အခဲတွေလည်း ကြုံတွေ့ရတတ်ပါတယ်။

(REF…How does International Humanitarian Law Protect Women During War? By Red Cross Talks-Canadian Red Cross)

အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက် မီးရှို့ သောင်းကျန်းနေတာကြောင့် စစ်ပြေးနေရတဲ့ စစ်ကိုင်းတိုင်းက အမျိုးသမီးတွေကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက တွေ့ရစဉ်/Photo – Yan Pai

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမျိုးသမီး #စစ်ပွဲ #လက်နက်ကိုင် #ဥပဒေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ