ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ကာဘိုင်သေနတ်တစ်လက် ဝယ်ယူနိုင်ခဲ့ပြီလို့ ရွှေဘို Fighter One အဖွဲ့ ထုတ်ပြန်၊

ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ကာဘိုင်သေနတ်တစ်လက် ဝယ်ယူနိုင်ခဲ့ပြီလို့ ရွှေဘို Fighter One အဖွဲ့ ထုတ်ပြန်၊

MFP ၊ သြဂုတ် - ၁၆

အများပြည်သူရဲ့ ထောက်ပံ့အားပေး ကူညီမှုနဲ့ ကာဘိုင်သေနတ်တစ်လက် ဝယ်ယူနိုင်ခဲ့ပြီလို့ ရွှေဘို Fighter One တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

“အာဏာရှင်စနစ်ကို လက်မခံသော ပြည်သူများ၏ ထောက်ပံမှုဖြင့် ကာဘိုင် တစ်လက် လက်ဝယ်သို့ ရောက်ရှိ။ သားကြီး ငါတို့မှာလည်း ဗျောက်တွေနဲ့” လို့ ShweBo Fighter One က ဖော်ပြပါတယ်။

ShweBo Fighter One တပ်ဖွဲ့ဟာ ရရာလက်နက်နဲ့ အာဏာသိမ်း စစ်အုပ်စုကို ခုခံ တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ - LDF တစ်ဖွဲ့ ဖြစ်ပြီး မဟာမိတ်တွေနှင့် ပူးပေါင်းကာ တိုက်ပွဲဝင်နေသလို ဇူလိုင်လကုန်အထိ စစ်အုပ်စုနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ကျည်(၃၀၀၀)ကျော် အသုံးပြုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #FighterOne #LDF #ကာဘိုင

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ