မင်းကင်း တောင်လက်ဒေသထဲ စစ်အုပ်စုနှင့် ပျူတွေ နှစ်ရက်ဆက် တိုက်ခိုက်လာလို့ PDF တွေ ဆုတ်ခွာနေရ၊ စစ်အုပ်စုကို မိုင်းဆွဲရာ စကစ လေးယောက် သေ၊ စစ်အုပ်စုက ထုံးမန်းရွာကို မီးရှို့ပြီး ဒေသတွင်း သောင်းကျန်းနေလို့ ကျေးရွာ ရှစ်ရွာက ပြည်သူတွေ စစ်ပြေးနေရ၊

မင်းကင်း တောင်လက်ဒေသထဲ စစ်အုပ်စုနှင့် ပျူတွေ နှစ်ရက်ဆက် တိုက်ခိုက်လာလို့ PDF တွေ ဆုတ်ခွာနေရ၊ စစ်အုပ်စုကို မိုင်းဆွဲရာ စကစ လေးယောက် သေ၊ စစ်အုပ်စုက ထုံးမန်းရွာကို မီးရှို့ပြီး ဒေသတွင်း သောင်းကျန်းနေလို့ ကျေးရွာ ရှစ်ရွာက ပြည်သူတွေ စစ်ပြေးနေရ၊

MFP ၊ အောက်တိုဘာ - ၂

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်လက်ဒေသ၊ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - MKPDF(2)ရဲ့ တပ်ရင်း(၂)၊ တပ်ဖွဲ့(၂)နယ်မြေထဲကို စစ်အုပ်စုနှင့်ပျူတွေ အင်အား(၂၀၀)ကျော်နဲ့ နှစ်ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်လာလို့ ရဲဘော်တွေ နောက်ဆုတ်ပေးခဲ့ရတယ်လို့ မင်းကင်း MK PDF (2)က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၃၀)ရက်နှင့် အောက်တိုဘာ(၁)ရက်တွေမှာ စစ်အုပ်စုနှင့် ပျူတွေက (၁၂၀မမ)၊ (၆၀မမ) လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ မင်းကင်း MKPDF တပ်ရင်း(၂)၊ တပ်ဖွဲ(၂)နယ်မြေထဲ ထိုးစစ်ဆင် တိုက်ခိုက် လာတာလို့ ဆိုပါတယ်။

“စက်တင်ဘာ (၃၀)ရက်တွင် စခ၊ ပျူ အင်အား (၂၀၀)ကျော်ဖြင့် မင်းကင်း တောင်လက်ဒေသ တပ်ရင်း (၂)၊ တပ်ခွဲ(၂)နယ်မြေသို့ စစ်ကြောင်းထိုးလာပါသည်။ ညနေ(၃)နာရီ အချိန်တွင် စခများမှ စက်လတ် ၊ (၆၀မမ)၊ (၁၂၀မမ)များဖြင့် ပစ်ခတ်ရာ ထိုးစစ်ဆင်လာသဖြင့် အပြန်လှန် ပစ်ခတ်မှူ ဖြစ်ပွားခဲ့ပါသည်။ စခများ ပဒေသာ တိုက်မိုင်း သုံးလုံးမိကာ လေးကောင်သေ၊ နှစ်ကောင် ဒဏ်ရာ ရသွားပါသည်” လို့ မင်းကင်း MKPDF (2)က ဖော်ပြပါတယ်။

အောက်တိုဘာ(၁)ရက်မှာလည်း စစ်အုပ်စုက ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မိုင်းဆွဲရာ စကစ (၁၀)ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရပေမယ့် စစ်အုပ်စုရဲ့ ပစ်ခတ်မှုတွေကြောင့် ရဲဘော်တွေ ဆုတ်ခွာ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“စခနှင့် ပျူများ နင်းမိုင်း၊ တိုက်မိုင်းများ ထိကာ (၁၀)ဦးခန့် အထိနာ သွားသော်လည်း သာလွန်အင်အား (၂၀၀)ကျော် လက်နက်ကြီး ပစ်အားများကြောင့် တပ်ရင်း (၂)၊ တပ်ခွဲ (၂)ရဲဘော်များနှင့် ဒေသခံ ပကဖ များ နောက်ဆုတ် ပေးလိုက်ရပါသည်” လို့ မင်းကင်း MKPDF(2)က ဖော်ပြပါတယ်။

လက်ရှိမှာ မင်းကင်းမြို့ပေါ်က စစ်အုပ်စုက အခြေစိုက်ရာ နေရာတွေကို ပြောက်ကျား တိုက်ခိုက်နေကြောင်းနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအတွက် အရေးပေါ် ကျည်လိုအပ်နေလို့ လှူဒါန်းပေးကြဖို့ မင်းကင်း MKPDF (2) က အလှူခံထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ မင်းကင်းနယ် တောင်လက်ဒေသ ထုံးမန်းကျေးရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးနေပြီး ဒေသတွင်း ထင်တိုင်းကျဲ သောင်းကျန်းနေတာကြောင့် လင်းလု ၊ ဖက်ထုပ် ၊ ညောင်ကိုင်း ၊ ထုံးမန်း၊ ပသေး ၊ အင်းဒေါင်း ၊ အထက်စသာရွာ စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ စစ်ပြေးနေရတယ်လို့ ကလေးခရိုင် ၊ အမှတ်(၁၁)တပ်ရင်း ၊ မင်းကင်းမြို့နယ်၊ MKPDF(2)က ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မင်းကင်း #MKPDF #ထုံးမန်းရွ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ