မင်းကင်းမှာ စစ်အုပ်စုရဲ့ ဂိတ်ကို တိုက်ခိုက်၊ စကစ နှစ်ယောက် သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ၊

မင်းကင်းမှာ စစ်အုပ်စုရဲ့ ဂိတ်ကို တိုက်ခိုက်၊ စကစ နှစ်ယောက် သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ၊

MFP ၊ စက်တင်ဘာ - ၂၂

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲ ဂိတ်ဖွင့်ကာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုကို မနေ့က နေ့လည်ပိုင်း စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက်သေ၊ နှစ်ယောက် ဒဏ်ရာရကာ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းနှင့် ငွေတချို့ သိမ်းဆည်း ရရှိခဲ့တယ်လို့ မင်းကင်း နွေဦးတော်လှန်ရေး သတင်းစဉ်က ဖော်ပြပါတယ်။

စက်တင်ဘာ(၂၁)ရက် နေ့လည်ပိုင်းက မင်းကင်းမြို့နယ် တောင်ယာတော ဆိပ်ကမ်းမှာ ဂိတ်ဖွင့်ပြီး မိုက်ကြေးခွဲ၊ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုနှင့် ပျူတွေကို မင်းကင်းမြို့နယ် ပြည်သု့ကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မင်းကင်းမြို့နယ် တောင်ယာတော ဆိပ်ကမ်းရှိ စခ+ပျူ စစ်ဆေးရေး ဂိတ်အား မင်းကင်းမြို့နယ် ပြည်သု့ကာကွယ်ရေး တပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခ+ပျူ နှစ်ကောင်ကြွ၊ နှစ်ကောင် အပြင်းအထန် ဒဏ်ရာရ သွားသည်။ တိုက်ခိုက်ခံရချိန်၌ ရဲများ၊ စခ၊ ပျူများ ကြောက်လန့်တကြား ထွက်ပြေး သွားကြသည်။ မိမိတို့ဘက်မှ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ၎င်းစခ ဂိတ်မှ (MA-3) သေနတ်တစ်လက်၊ လက်လုပ်အတို သုံးလက်၊ ဖုန်း လေးလုံး၊ ပြည်သူများထံမှ တောင်းယူထားသော ပိုက်ဆံ ရှစ်သိန်း၊ ကျည်ကာ တစ်ထည်၊ ကျည်ဘောက် သုံးခုတို့ကို သိမ်းဆည်းရရှိခဲ့သည်” လို့ မင်းကင်း နွေဦးတော်လှန်ရေး သတင်းစဉ်က ဖော်ပြပါတယ်။

မင်းကင်းနယ်ထဲ စစ်အုပ်စုနှင့် ပျူတွေ အုပ်စုဖွဲ့ သောင်းကျန်းနေပြီး ချင်းတွင်းမြစ်ရိုးတလျှောက် ဂိတ်တွေ ဖွင့်ကာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းတာ၊ ဖမ်းဆီးတာ၊ သ-တ်-ဖြတ်တာ၊ လုယက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မင်းကင်း #ဂိတ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ