ပုသိမ်ကြီး ဒဟတ္တောရွာထဲက ဒေသခံ သုံးယောက်ကို စစ်အုပ်စုက ဖမ်းဆီးသွား၊ အကြောင်းရင်း မသိရသေး

ပုသိမ်ကြီး ဒဟတ္တောရွာထဲက ဒေသခံ သုံးယောက်ကို စစ်အုပ်စုက ဖမ်းဆီးသွား၊ အကြောင်းရင်း မသိရသေး

MFP ၊ ဩဂုတ် - ၁၁

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာက ဒေသခံ သုံးယောက်ကို စစ်အုပ်စုက ဒီမနက် (၉)နာရီကျော်လောက်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူကြိုစာသင်တဲ့ မမြင့်မြင့်မော် ဆိုသူနဲ့ ငွေချေးလုပ်ငန်းလုပ်တဲ့ ကိုအောင်ခိုင်ဝင်းတို့ လင်မယားနှစ်ယောက်၊ စုစုပေါင်း သုံးယောက်ကို အိမ်စီးကား ငါးစီးနဲ့ လာဖမ်းသွားတာလို့ ဆိုပါတယ်။

“ နိုင်ငံရေး ဘာမှမသိတဲ့သူတွေကို လျှောက်ဖမ်းနေတာ၊ သူတို့ဖာသာ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေကြတဲ့သူတွေ၊ ပုသိမ်ကြီးရဲစခန်းနဲ့ နန်းတွင်းထဲမှာ စုံစမ်းကြည့်တာ မရှိဘူးတဲ့၊ ထီးတော်မိုးတပ်ထဲမှာ ဖမ်းထားတယ်ထင်တယ် “ လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဖမ်းဆီးရတဲ့အကြောင်းရင်းကိုတော့ အခုညနေပိုင်းအထိ မသိရသေးပါဘူး။

စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တော်လှန်နေသူတွေနဲ့ ဆန့်ကျင်တော်လှန်သူတွေကို ထောက်ခံနေသူတွေကို အဆက်မပြတ် လိုက်လံဖမ်းဆီးနေတာပဲ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုသိမ်ကြီး #ဒဟတ္တောရွာ #ဒေသခံကိုဖမ်းဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ