မြိုင်နယ်မှာ စစ်အုပ်စုက သင်္ကန်းဝတ်ပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်းနေ၊ သင်္ကန်းဝတ် စစ်အုပ်စုက ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းပြီး ညှဉ်းပန်းကာ PDFတွေကို ဖော်ခိုင်း၊

မြိုင်နယ်မှာ စစ်အုပ်စုက သင်္ကန်းဝတ်ပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်းနေ၊ သင်္ကန်းဝတ် စစ်အုပ်စုက ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းပြီး ညှဉ်းပန်းကာ PDFတွေကို ဖော်ခိုင်း၊

MFP၊ သြဂုတ် - ၅

မကွေးတိုင်း မြိုင်နယ်မှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေက သင်္ကန်းဝတ်ကာ ရဟန်းသံဃာ အယောင်ဆောင်ပြီး ရွာစဉ်ပတ်မွှေ လုယက်ဓားပြတိုက် သောင်းကျန်းနေလို့ ရဟန်း၊သံဃာ အစစ်တွေအနေနဲ့ ယခုရက်ပိုင်းအတွင်း မြိုင်- ပခုက္ကူ လမ်းပိုင်း အသုံးမပြုကြဖို့ လျှောက်ထားတောင်းပန်ကြောင်း မြိုင်မြိုနယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ - မြိုင် ပကဖ က MFP ကို ပြောပါတယ်။

သြဂုတ်(၄)ရက် မနေ့ မနက်ပိုင်းက မြိုင်နယ်၊ ကျောက်ဆောက်ရွာကို ဝင်မွှေလုယက် သောင်းကျန်းတဲ့ စစ်အုပ်စုဟာ သင်္ကန်းရုံပြီး သံဃာအယောင်ဆောင်ကာ ဝင်လာတဲ့အပြင် ရွာသားတွေကို ဖမ်းဆီးနှိပ်စက်ပြီး ဒီကနေ့ မနက်ပိုင်းမှာ ရွာကိုပါ မီးရှိသွားတယ်လို မြိုင်(ပကဖ)က ပြောပါတယ်။

သင်္ကန်းဝတ်ပြီး ရွာစဉ်ပတ်မွှေ လုယက်ဓားပြတိုက် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ လက်ရှိမှာ ကျောက်ဆောင်ရွာက ဒေသခံ ပြည်သူ (၃၀)ခန့်ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ညှဉ်းပန်းနှိပ်စက်ကာ PDF တွေကို ဖော်မပေးလျှင် သတ်ပစ်မယ်၊ အရေးယူမယ်လို့ ခြိမ်းခြောက်နေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

"ခွေးတွေက ရွာတွေကိုဝင်ရင် ဘုန်းကြီးကျောင်းတွေက သင်္ကန်းအသစ်တွေ ခိုးပြီး အယောင်ဆောင် တာတွေ လုပ်လာကြပါတယ်"လို မြိုင် ပကဖ တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

ဒီကနေ့ သြဂုတ်(၅)ရက် နေ့လယ်(၂)နာရီလောက်မှာ ကျောက်ဆက်ရွာထဲ ဝင်မွှေလုယက် သောင်းကျန်းမီးရှိုနေတဲ့ စကစတွေ (၁၂)ဘီးကားတစ်စီးနဲ့ မြိုင်ဘက် ထွက်လာချိန် မြိုင်-ပခုက္ကူလမ်းမှာ မြိုင်(ပကဖ)နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"၁၂ ဘီးကားနဲ့ ပြန်လာတာ။ မီးရှိပြန်လာတာလို့ သိရတယ်။ မြိုင်-ပခုက္ကူလမ်း စည်လောင်ရွာနား ဂေါက်ကွင်းနား ဆွဲတာ။ ကားထိုးရပ် သွားတယ်" လို့ မြိုင်(ပကဖ)မှ ရဲဘော်က ပြောပါတယ်။

(၁၂)ဘီးကာဟာ ဒီကနေ့ ညနေ(၃)နာရီခွဲ မိုင်းဆွဲခံရနေရာကနေ ဆက်မထွက်နိုင်သေးဘဲ အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်နတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက သင်္ကန်းဝတ်ပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာကြောင့် ယခုရက်ပိုင်းမှာ ဆရာတော် သံဃာတော်များ အနေနဲ့ မြိုင် - ပခုက္ကူလမ်းပိုင်းအား ရှောင်ရှားပြီး အသုံးမပြုကြရန် လျှောက်ထားလိုကြောင်းနှင့် ဒေသခံ ပြည်သူတွေအနေနဲ့လည်း လမ်းပိုင်းကို အသုံးမပြုကြဖို့ မြိုင်(ပကဖ)က ထုတ်ပြန်ပါတယ်။

မေလက မန္တလေးကျုံးဘေးမှာ စစ်အုပ်စုက ဦးဆောင်လုပ်တဲ့ ဆွမ်းလောင်းပွဲ (အဲ့ဒီ ဆွမ်းလောင်းပွဲမှာ ပင့်သံဃာ အရေအတွက် ပြည့်မီအောင် စကစ လက်နက်ကိုင်တွေကို သင်္ကန်းဝတ်ခိုင်းတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။)/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #PDF #သင်္ကန်း #သံဃာ #ရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ