ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး “သံတမန်ရေးရာ တိုက်ပွဲမှာ လူထုအားလုံး ပါဝင်ကြ” ဖို့ မန္တလေးမှာ ချီတက်ဆန္ဒပြ၊

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး “သံတမန်ရေးရာ တိုက်ပွဲမှာ လူထုအားလုံး ပါဝင်ကြ” ဖို့ မန္တလေးမှာ ချီတက်ဆန္ဒပြ၊

MFP ၊ စက်တင်ဘာ - ၁၁

Photo - Mandalay Revolution Strike -MRS

"NUG သာလျှင် ပြည်သူ့အစိုးရ၊ ဦးကျော်မိုးထွန်း သာလျှင် မြန်မာပြည်သူတွေရဲ့ UN သံအမတ် ဖြစ်သည်" ဆိုတဲ့ ကြွေးကြော်သံနှင့်အတူ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး သံတမန်ရေးရာ တိုက်ပွဲမှာ လူထုအားလုံး ပါဝင်ကြဖို့ သံဃသမဂ္ဂ နှင့် မန္တလေးသပိတ် အင်အားစု ရဲဘော်တချို့ စုပေါင်းပြီး ဒီနေ့ စက်တင်ဘာ(၁၁)ရက် မနက်ပိုင်းမှာ မန္တလေးမြို့ပေါ် ချီတက် ဆန္ဒပြခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ကုလသမဂ္ဂ - UN မှာ ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားပြုမှု ဆက်လက်ရရှိရေး လက်မှတ်ထိုး တောင်းဆိုတဲ့ ကမ်ပိန်း ပြုလုပ်ရာမှာ လက်မှတ်တစ်သန်း လိုအပ်ပြီး လက်ရှိအချိန်ထိ လက်မှတ် နှစ်သိန်းကျော်ပဲ ရရှိသေးလို့ အဲ့ဒီ လှုပ်ရှားမှူမှာလည်း ပြည်သူအများက ပူးပေါင်း ပါဝင်ပေးကြဖို့ မန္တလေး သပိတ် အင်အားစုက တိုက်တွန်းနိုးဆော်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သံဃသမဂ္ဂ #မန္တလေးသပိတ်အင်အားစု #UN #သံအမတ် #ဦးကျော်မိုးထွန်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ