စစ်ကိုင်း တောင်မြို့ရွာထဲ မီးရှို့လူသ-တ်ခဲ့တဲ့ စစ်အုပ်စု တောင်ကြားရွာကို ဆက်လက် စီးနင်းလုယက် မီးရှို့နေ၊

စစ်ကိုင်း တောင်မြို့ရွာထဲ မီးရှို့လူသ-တ်ခဲ့တဲ့ စစ်အုပ်စု တောင်ကြားရွာကို ဆက်လက် စီးနင်းလုယက် မီးရှို့နေ၊

MFP ၊ သြဂုတ် - ၂၉

စစ်ကိုင်းမြို့နယ် တောင်မြို့ကျေးရွာကို ဒီမနက်ပိုင်း စီးနင်းဝင်မွှေ လုယက်ပြီးနောက် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို သ-တ်-ဖြတ်ခဲ့တဲ့ စစ်အုပ်စုဟာ ယခု နေ့လည်ပိုင်းမှာ တောင်ကြားရွာကို ဆက်လက်ဝင်မွှေ သောင်းကျန်းကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာ ပျူစခန်းမှာ အထိုင်ချနေပြီး လက်နက်အားကိုးနှင့် ဒေသတွင်း ထင်တိုင်းကျဲ လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ပျူတွေဟာ ဒီနေ့ သြဂုတ်(၂၉)ရက် မနက်(၄)နာရီကျော်မှာ တောင်မြို့ရွာထဲ စီးနင်းဝင်မွှေ လုယက်ပြီးနောက် နေ့လည်ပိုင်းမှာ တောင်ကြားရွာကို ဆက်လက် လုယက် သောင်းကျန်း မီးရှို့နေတာ ဖြစ်ပါတယ်။

တောင်မြို့ရွာနှင့် တောင်ကြားရွာတေါထဲ ဝင်မွှေလုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ အင်အား (၇၀)လောက် ရှိပြီး စကစတွေနှင့်အတူ ကြွယ်ပုံရွာထဲက စစ်အုပ်စု လက်ပါးစေ ပျူတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဒီကနေ့မနက်ပိုင်းက စကစ+ပျူ တွေဟာ တောင်မြိုကျေးရွာကို မီးရှိဖျက်ဆီးခဲ့ကာ ထွက်သွားခဲ့ပြီးနောက် ဘိုတဲကုန်းဘက် တက်သွားပြီး ပုဂံတူ ဘက်ကနေ တောင်ကြားရွာကို လှည့်ဝင်ခဲ့ကာ မီးရှိဖျက်ဆီးနေကြတယ်” လို့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်အုပ်စုနှင့် ပျူတွေ လုယက် မီးရှို့သွားလို့ တောင်မြို့ရွာမှာ နေအိမ်အလုံး (၄၀)ဝန်းကျင် မီးလောင်ပြာကျခဲ့ပြီး တောင်ကြားရွာထဲ မီးရှို့သောင်းကျန်းနေဆဲ ဖြစ်လို့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းမြို့နယ် တောင်ကြားရွာကို စစ်အုပ်စုနှင့် ပျူတွေ ဝင်မွှေလုယက် မီးရှို့နေစဉ်/Photo - စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေး

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကြွယ်ပုံရွာ #တောင်မြို့ရွာ #တောင်ကြားရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ