ဒီပဲယင်းနယ် အရှေ့ခြမ်း ရွာတွေကို စစ်အုပ်စုက ရဟတ်ယာဉ် လေးစီးနဲ့ ပစ်ခတ်တိုက်ခိုက်နေ၊

ဒီပဲယင်းနယ် အရှေ့ခြမ်း ရွာတွေကို စစ်အုပ်စုက ရဟတ်ယာဉ် လေးစီးနဲ့ ပစ်ခတ်တိုက်ခိုက်နေ၊

MFP ၊ စက်တင်ဘာ - ၁၆

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ ညောင်လှ၊ သစ်တုံ၊ မရကန် စတဲ့ ရွာတွေကို စစ်အုပ်စုက ဒီနေ့လည် (၁)နာရီက စတင်ပြီး ရဟတ်ယာဉ်လေးစီးနဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုက ရဟတ်ယာဉ်လေးစီးနဲ့ ရုတ်တရက် လာရောက်ပြီး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာမို့ ကျေးရွာ ငါးရွာထက်မနည်းက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

“ဒီပဲယင်းအရှ့ခြမ်း ကျေးရွာများသို့ အကြမ်းဖက်စစ်တပ်မှ တျုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးဖြင့် လာရောက် ပစ်ခတ်နေသဖြင့် ပြည်သူများ အရေးပေါ် ထွက်ပြေးနေရ” လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

ဒီပဲယင်းမြို့နယ် သစ်တုံ၊ ညောင်လှ၊ လက်ယက်ကုန်း မရကန် စတဲ့ ကျေးရွာတွေကို (Mi-35)ရဟတ်ယာဉ် နှစ်စီး၊ ရိုးရိုး ရဟတ်ယာသ်နှစ်စီးနဲ့ လှည့်လည်ပစ်ခတ်နေတာလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ဒီပဲယင်း အပါအဝင် စစ်ကိုင်းတိုင်းထဲ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ လုယက် သောင်းကျန်းကာ ဒေသခံပြည်သူတွေကို အကြမ်းဖက် သ-တ်-ဖြတ်နေတာ ဖြစ်ပါတယ်။

ဒီပဲယင်းနယ် အရှေ့ခြမ်း ရွာတွေက ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ဖို့ မုံရွာ နမခ က တက်လာတဲ့ ရဟတ်ယာဉ် လေးစီး/Photo - မုံရွာမြို့နယ် သတင်းမှန် ပြန်ကြားရေး

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #ညောင်လှ #ရဟတ်ယာဉ် 

 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ