MFP ၊ စက်တင်ဘာ - ၉
Photo - ဗိုလ်ရေခဲ - သိန်းငှက်ပြောက်ကျားတပ်ဖွဲ့
စစ်အုပ်စု လုယက်သောင်းကျန်းနေလို့ အိမ်မှာ မနေဝံ့ဘဲ ထွက်ပြေးနေရတဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသက စစ်ပြေးပြည်သူတွေဟာ လက်ရှိမှာ မိုးရွာတာကြောင့် ပိုပြီး အခက်တွေ့နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ(၈)ရက် မနေ့က နေ့လည်ပိုင်းက စတင်ပြီး တစ်နေပလုံး၊ တစ်ညလုံး မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ရေလည်ကျွန်းဒေသက စစ်ပြေးပြည်သူတွေ ဒုက္ခတွေ့နေရတာလို့ ဆိုပါတယ်။
“မိုးမင်းကြီး မတရားဘူး။ ဒါက ရုပ်ရှင်ထဲက စစ်ဖြစ်လို့ စစ်ရှောင်နေတာ မဟုတ်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီတိုက်ပွဲမှာ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက စစ်ဒဏ်ကို ခံစားနေရတဲ့... ဒုက္ခတွေ ခံစားနေရတဲ့ ပြည်သူတွေပါ။ သနားညှာတာမှု မရှိ ငဲ့ညှာမှု မရှိတဲ့ မိုးမင်းကြီးက... ပြည်သူတွေဘက်က မပါဘူး။ တစ်ည တစ်ရက် ဆက်တိုက်ရွာတော့... နေစရာမရှိ ကွင်းလင်းပြင်ကြီးထဲမှာ... မိုးကာကို အုပ်ကာ မိုးရေထဲမှာ နေကြရတယ်....။ စစ်ရှောင်ဆိုတာကို ငယ်ငယ်က TV ထဲမှာဘဲ မြင်ဖူးတယ်။ အခုတော့ လက်တွေ့” လို့ ဗိုလ်ရေခဲ က ဆိုပါတယ်။
စစ်အုပ်စုဟာ စက်တင်ဘာ(၆)ရက်က စတင်ပြီး ရေစကြိုနယ် ရေလယ်ကျွန်းဒေသက ရွာတွေကို အဖွဲ့လေးဖွဲ့ခွဲပြီး ပိတ်ဆို့ထားကာ လုယက် သောင်းကျန်း မီးရှို့နေတာ ဖြစ်ပြီး စစ်အုပ်စု အကြမ်းဖက် သောင်းကျန်းနေလို့ ထောင်သောင်းချီတဲ့ ဒေသခံ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း ရေစကြိုနယ် ရေလည်ကျွန်းဒေသ ငတရော်နှင့် လှေခုတ်ရွာတွေကို ရွာလုံးကျွတ် လုယက် မီးရှို့ ဖျက်ဆီးလို့ စုစုပေါင်း အိမ်ခြေ (၇၀၀)ကျော် မီးလောင်ပြာကျခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသေးတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရေစကြို #ရေလည်ကျွန်း #ပြည်သူ #စစ်ပြေး
ရေစကြို ရေလည်ကျွန်းဒေသက စစ်ပြေးပြည်သူတွေ မိုးရွာလို့ ပိုပြီး ဒုက္ခရောက်၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024