နေပြည်တော် ယာဥ်တိုက်မှု စကစရဲမေ ခြေနဲ့လက် ကျိုးပြီး စကစရဲ ခါးအောက်ပိုင်းကြေ

နေပြည်တော် ယာဥ်တိုက်မှု စကစရဲမေ ခြေနဲ့လက် ကျိုးပြီး စကစရဲ ခါးအောက်ပိုင်းကြေ

MFP ၊ ဩဂုတ် - ၅

နေပြည်တော်မှာ မနေ့ညပိုင်းက ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုမှာ စကစ ရဲမေ ခြေထောက်နဲ့ လက်ကျိုးခဲ့ပြီး စကစရဲတစ်ယောက် ခါးအောက်ပိုင်းကြေသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇမ္ဗူသီရိဆေးရုံနဲ့ စည်ပင်ဧည့်ရိပ်သာအနီးက လမ်းဆုံမီးပွိုင့်မှာ ဩဂုတ်လ (၄)ရက် ညနေ (၅)နာရီခန့်က အချုပ်သားတင်လာတဲ့ ရဲကားနဲ့ အိမ်စီးကားတို့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ရဲကားက လမ်းဖြတ်ကူးနေချိန် အိမ်စီးကားက ဖြတ်တိုက်မိသလိုဖြစ်တဲ့အတွက် ရဲကားမှောက်သွားခဲ့ပြီး ကားပေါ်ပါလာတဲ့ ရဲမေဟာ ခြေ၊ လက်ကျိုးပြီး ရဲတပ်သားတစ်ယောက်က ခါးအောက်ပိုင်းကြေဒဏ်ရာရခဲ့တဲ့အပြင် အချုပ်သားတစ်ဦးမှာလည်း ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

အဲဒီဖြစ်စဉ်မှာ အိမ်စီးကားယာဉ်မောင်းကို အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နေပြည်တော် #ယာဉ်တိုက်မှု

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ