စစ်ကိုင်းက PDF တွေအတွက် သယ်လာတဲ့ လက်နက်တွေ ဖမ်းမိတယ်လို့ စစ်လော်ဘီတွေ သတင်းဖြန့်၊

စစ်ကိုင်းက PDF တွေအတွက် သယ်လာတဲ့ လက်နက်တွေ ဖမ်းမိတယ်လို့ စစ်လော်ဘီတွေ သတင်းဖြန့်၊

MFP ၊ အောက်တိုဘာ - ၃

စစ်ကိုင်းတိုင်း အခြေပြု ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအတွက် ကားနဲ့ တင်ဆောင် သယ်ယူလာတဲ့ လက်နက်ခဲယမ်းတွေ စက်တင်ဘာ(၃၀)ရက်က ဖမ်းမိခဲ့တယ်လို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။

ဖမ်းဆီးရမိတဲ့ နေရာ အတိအကျ မဖော်ပြပေမယ့် ထိုင်းနိုင်ငံကနေ လက်နက်တွေ ဝယ်ယူပြီး မန္တလေးကတဆင့် စစ်ကိုင်းတိုင်းက PDF တွေကို ထောက်ပံ့ဖို့ (၂၂)ဘီးတွဲကားနဲ့ သယ်ယူလာချိန် စက်တင်ဘာ(၃၀)ရက်က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“ထိုင်းနယ်စပ် လက်နက်မှောင်ခိုများထံမှ ဝယ်ယူခဲ့ပြီး မန္တလေးမှတစ်ဆင့် စစ်ကိုင်းတိုင်းအတွင်းက PDF တွေအတွက် NUG အဖွဲက ထောက်ပံ့ပေးပိုတဲ့ လက်နက်၊ ခဲယမ်းတွေကို ISUZU(၂၂) ဘီးတွဲကားနဲ့ သယ်ဆောင်လာကြောင်း သတင်း အတိအကျရလို မော်လမြိုင်ဘက်မှ လာတဲ့ ကားတစ်စီးကို ရှာဖွေစစ်ဆေးခဲ့ပြီး ဖမ်းလိုက်တယ်လို သိရပါတယ်။ စက်တင်ဘာ (၃၀)ရက်နေ့က ရှာဖွေ စစ်ဆေးမှုအရ သာစည်မြိုနေ ယာဉ်မောင်း ရဲမင်းပိုင် (၃၀နှစ်)၊ တောင်ငူမြိုနေ ယာဉ်အကူ ဝေယံဦး (၂၄နှစ်)တို မောင်းလာတဲ့ (၂၂)ဘီးယာဉ်အတွင်း လျှိဝှက်သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့” လို့ ဆိုပါတယ်။

တူရကီနိုင်ငံထုတ် Commando သေနတ် နှစ်လက်၊ MK-12 နှစ်လက်၊ 12GA MAGNUM ကိုးလက်၊ CZ 22 LR တစ်လက်၊ ဩစတြေးလျနိုင်ငံထုတ် Glock-43 ပစ္စတို တစ်လက်၊ အမေရိကန်နိုင်ငံထုတ် Micro ပစ္စတို တစ်လက်၊ Sig Sauer ပစ္စတို သုံးလက်၊ Glock 17 Gen-4 ပစ္စတို တစ်လက်နှင့် ကျည်အိမ်မျိုးစုံ (၁၂၅၀) တောင့် ဖမ်းဆီးရမိခဲ့တာလို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။

ဆက်စပ်သူတွေ ဆက်လက်ဖမ်းဆီးရမိဖို့ ကြိုးစားနေပြီး ကားကို သိမ်းလိုက်ပြီလို့လည်း စစ်လော်ဘီတွေက ဆိုပါတယ်။

အဲ့ဒီ လက်နက်တွေ ဖမ်းမိတဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လက်နက်ခဲယမ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ