တန်ဆောင်မုန်းလပြည့်မှာ မြောင်နယ် နနွင်းကိုင်းရွာကို စစ်အုပ်စုက ညပိုင်းအထိ မီးရှို့နေ၊ မီးမငြှိမ်းရဲဘဲ ပြည်သူတွေ ထွက်ပြေးနေရ၊

တန်ဆောင်မုန်းလပြည့်မှာ မြောင်နယ် နနွင်းကိုင်းရွာကို စစ်အုပ်စုက ညပိုင်းအထိ မီးရှို့နေ၊ မီးမငြှိမ်းရဲဘဲ ပြည်သူတွေ ထွက်ပြေးနေရ၊

MFP ၊ နိုဝင်ဘာ - ၇

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရို့နေတဲ့ စစ်အုပ်စုက ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းက စတင်ကာ နနွင်းကိုင်းရွာထဲ ဝင်မွှေလုယက် မီးရှိ့နေပြီး ည(၈)နာရီကျော်အထိ အိမ်တွေ မီးလောင်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ(၇)ရက် ညနေ(၃)နာရီက စတင်ကာ မြောင်မြို့နယ် နနွင်းကိုင်းရွာကို စစ်အုပ်စုက ဝင်မွှေလုယက်ကာ မီးရှို့နေတာ ဖြစ်ပြီး ည(၈)နာရီအထိ မီးလောင်နေဆဲ ဖြစ်ပေမယ့် ပြည်သူတွေ မီးမငြှိမ်းရဲသေးဘဲ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

"မြောင်မြို့နယ် နနွင်းကိုင်းကျေးရွာအား ယနေ့ညနေ (၃)နာရီမှ စတင်မီးရှို့ရာ ယခုည (၈)နာရီခွဲ အချိန်ထိ မီးမငြိမ်းသေးပါ။ မြို့နယ်အဖွဲ့မှ မီးငြိမ်းသတ်ရန် စောင့်ဆိုင်းနေသော်လည်း ယခုချိန်ထိ မီးငြိမ်းသတ်ရန် အခွင့်မသာသေးပါ" လို့ မြောင် ပအဖ က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မြောင်နယ် နနွင်းကိုင်းရွာကိုသာမက မြောင်နဲ့ထိစပ်နေတဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်က ဆင်ခြေရာ ကျေးရွာကိုလည်း စီးနင်းဝင်မွှေ မီးရှို့နေတယ်လို့ ဆိုပါတယ်။

"တန်ဆောင်မုန်းလပြည့်နေမှာ စစ်ကိုင်းတိုင် မြောင်နယ် နနွင်းကိုင်း နှင့် မကွေးတိုင်း ရေစကြိုနယ် ဆင်ခြေယာရွာကို စခများ မီးရှို့ခဲ့ကြတယ်။ ခွေးစစ်ကြောင်းနှစ်ကြောင်း ငရဲလားပါစေ" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုက ရွာထဲ ဝင်မွှေ လုယက်ပြီး စိမ်ပြေနပြေ မီးရှို့နေတာကို ထိုင်ကြည့်နေရတဲ့ မြောင်နယ် နနွင်းကိုင်းရွာက ပြည်သူတွေ/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြောင် #နနွင်းကိုင်းရွာ #ပြည်သူ #အိမ် #မီးရှို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ