ကလေးမြို့မှာ ဘိုးဘွားရိပ်သာ အယောင်ပြ အလှူလုပ်ပြီး ပြန်လာတဲ့ စစ်အုပ်စု ကားနှစ်စီး မိုင်းခွဲခံရ၊ စစ်အုပ်စုက အော်ဟစ်ဆဲဆို ရန်ပြုသောင်းကျန်းပြီး ဒေသခံ ပြည်သူ (၁၀)ဦးကို ဖမ်းဆီး၊

ကလေးမြို့မှာ ဘိုးဘွားရိပ်သာ အယောင်ပြ အလှူလုပ်ပြီး ပြန်လာတဲ့ စစ်အုပ်စု ကားနှစ်စီး မိုင်းခွဲခံရ၊ စစ်အုပ်စုက အော်ဟစ်ဆဲဆို ရန်ပြုသောင်းကျန်းပြီး ဒေသခံ ပြည်သူ (၁၀)ဦးကို ဖမ်းဆီး၊

MFP၊ စက်တင်ဘာ - ၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည် ရပ်ကွက်အတွင်း ဖြတ်သန်းမောင်းနှင်တဲ့ စစ်အုပ်စု ကားနှစ်စီးကို ဒီမနက်ပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အရာရှိအဆင့် အပါအဝင် စကစတွေ ထိခိုက်သေဆုံးမှု ရှိတယ်လို People's Defence Force (Kalay) က သတင်း ထုတ်ပြန်ပါတယ်။

ယနေ့ စက်တင်ဘာ (၈)ရက် မနက်(၁၀)နာရီကျော်က ကလေးမြို ချမ်းမြေ့အောင်စည် ရပ်ကွက်ထဲက သီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာ ဘက်ကနေ ချမ်းမြေ့အောင်စည် လမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကားနှစ်စီးကို PDF (Kalay)ရဲ့ မိုင်းအဖွဲက မိုင်းသုံးလုံးနဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့တာလို ဆိုပါတယ်။

"မိုင်းဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အရာရှိ အဆင့် အပါအဝင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲဝင်များ ထိခိုက် သေဆုံးမှု ရှိကြောင်း ကနဦး သိရှိရပါသည်"လို့ PDF Kalay ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ချမ်းမြေ့အောင်စည် ရပ်ကွက်အတွင်း လမ်းတွေ ပိတ်ဆို့ကာ ဒေသခံ ပြည်သူတွေကို အော်ဟစ်ဆဲဆို ရန်ပြု သောင်းကျန်းပြီး နေအိမ်တချို့ကို ဝင်မွှေလုယက်ပြီးနောက် ဒေသခံပြည်သူ (၁၀)ဦး ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို နီးစပ်သူတွေက ဆိုပါတယ်။

ရပ်ကွက်ထဲ ထင်တိုင်းကျဲ သောင်းကျန်းပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးသွားတဲ့ စစ်အုပ်စုဟာ သီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာမှာ အယောင်ပြ အလှူလုပ်ပြီး ပြန်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေနှင့် ပတ်သက်တဲ့ အသေးစိတ် အေခြအနေတွေကိုတော့ မသိရသေးပါဘူး။

ကလေးဒေသထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဦးးဆောင်နေတဲ့ နမခ လက်အောက်ခံ ကလေးဒေသ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အဆင့် သန့်ဇင်ဦးနှင့် စကစတွေ/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #ချမ်းမြေ့အောင်စည်ရပ်ကွက် #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ