ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲဖြစ်၊ PDF တွေရဲ့ ကားနဲ့ ဆိုင်ကယ်တွေ မီးရှို့ခံရ၊

ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲဖြစ်၊ PDF တွေရဲ့ ကားနဲ့ ဆိုင်ကယ်တွေ မီးရှို့ခံရ၊

MFP ၊ နိုဝင်ဘာ - ၁၃

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှို့နေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ မနေ့က နေ့လည်ပိုင်း ဝက်လက်နယ် အရှေ့တောင်ခြမ်းက ပေါက်ကန်ရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကားနှစ်စီးနှင့် ဆိုင်ကယ် လေးစီး မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ဝက်လက် ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၁၂)ရက် မနေ့က ဝက်လက်မြို့နယ် ကူကောင်းရွာက ထွက်လာပြီး ရေသောက်ကန်ရွာနှင့် ပေါက်ကန် (ဘူတာ)ရွာတွေဘက် သောင်းကျန်းနေတဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ရေသောက်ကန်နှင့် ပေါက်ကန်ရွာကြားတွင် စစ်ကြောင်းထိုးနေသော စစ်ခွေးများနှင့် ကျွန်တော်တို့ ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေး တပ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ရာ အပြန်အလှန် ပစ်ခတ်ရင်း လက်နက်အင်အား၊ လူအင်အား မမျှတသဖြင့် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း တိုက်ပွဲတွင်း အသုံးပြုနေသော ကျွန်တော်တို့အဖွဲ့မှ ကား နှစ်စီးနှင့် ဆိုင်ကယ်လေးစီး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း ဝမ်းနည်းစွာ မိဘပြည်သူများကို အသိပေးအပ်ပါသည်” လို့ ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ယခုရက်ပိုင်း မန္တလေး - ရွှေဘို - မြစ်ကြီးနား ရထားလမ်းတလျှောက် ဝက်လက်နယ်က ရွာတွေထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လုယက်၊ ဓားပြတိုက်၊ လူသတ်၊ မီးရှို့နေပြီး စစ်အုပ်စု သောင်းကျန်းနေလို့ ပြည်သူတွေ သတိထားကြဖို့လည်း ဒေသခံတွေ အချင်းချင်း သတိပေးနေကြပါတယ်။

မနေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုက ရေသောက်ကန်ရွာက ပြည်သူ သုံးဦးကို ဓားစာခံလူစားဒိုင်းအဖြစ် ဖန်းခေါ်သွားတယ်လို့လည်း မြေပြက်ကင်းထောက်တွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ စစ်အုပ်စုဟာ ဝက်လက်နယ်အရှေ့ခြမ်းက ပိတောက်ချုံရွာကို လုယက် ဓားပြတိုက် မီးရှို့ခဲ့လို့ အိမ်ခြေ အများအပြား မီးလောင်ပြကျခဲ့ရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ဝက်လက် #ကြောင်လက်သည်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ