စဉ့်ကူးနယ်မှာ ပြောက်ကျားတပ်ဖွဲ့က ထောင်ထားတဲ့ မိုင်းတွေအကြောင်း ဒေသခံတွေက စစ်အုပ်စုကို သတင်းသွားပေး၊ မိုင်းတွေ ဖြုတ်သိမ်းခံရပြီး ကျပ်ရှစ်သိန်းကျော် ဆုံးရှုံးဟုဆို

စဉ့်ကူးနယ်မှာ ပြောက်ကျားတပ်ဖွဲ့က ထောင်ထားတဲ့ မိုင်းတွေအကြောင်း ဒေသခံတွေက စစ်အုပ်စုကို သတင်းသွားပေး၊ မိုင်းတွေ ဖြုတ်သိမ်းခံရပြီး ကျပ်ရှစ်သိန်းကျော် ဆုံးရှုံးဟုဆို

MFP ၊ ဩဂုတ် - ၄

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှာ ပွဲကဖို့ပြင်ထားတဲ့ မိုင်းတွေကို ရွာခံတွေ သတင်းပေးလို့ စစ်အုပ်စုက ဖြုတ်သိမ်းသွားတယ်လို့ သပိတ်ကျင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဲဒီမိုင်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၉)ရက်နေ့မှာ ပွဲကဖို့ပြင်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မခွဲလိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

မနေ့ ဩဂုတ် (၃)ရက်မှာတော့ ရွာသားအချို့ကတွေ့သွားပြီး အုပ်ကြီးကို အကြောင်းကြားရာက စကစ (၅၀)ခန့် ရောက်လာကာ တူးဖော်သိမ်းယူသွားတယ်လို့ ဖော်ပြထားပါတယ်။

အခုလို မိုင်းတွေ ဖြုတ်သိမ်းခံလိုက်ရတဲ့အတွက် ပြင်ဆင်ထားတဲ့ ကုန်ကျစရိတ် ကျပ် (၈)သိန်းနီးပါးဟာ သဲထဲရေသွန် ဖြစ်ခဲ့ရတယ်လို့လည်း ပြောက်ကျားတပ်ဖွဲ့က အသိပေးထားပါတယ်။

ထပ်မံပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးအခက်အခဲကို ပစ္စည်းတစ်ခု လေလံတင်ရောင်းချဖို့ စီစဉ်ထားတဲ့အတွက် ပွဲကနိုင်ဖို့ ဝယ်ယူပေးကြဖို့လည်း မျှော်လင့်တယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စဉ့်ကူး #သပိတ်ကျင်း #မိုင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ