မန္တလေး - မုံရွာလမ်းမှာ မိုင်း ကြောက်လို့ ဂျန်ပါတွေနဲ့ သွားလာနေတဲ့ စစ်ကားတန်းကို မိုင်းဆွဲ၊ ကားတစ်စီး ထိမှန်ပြီး စကစတွေ အသေအပျောက် ရှိနိုင်၊

မန္တလေး - မုံရွာလမ်းမှာ မိုင်း ကြောက်လို့ ဂျန်ပါတွေနဲ့ သွားလာနေတဲ့ စစ်ကားတန်းကို မိုင်းဆွဲ၊ ကားတစ်စီး ထိမှန်ပြီး စကစတွေ အသေအပျောက် ရှိနိုင်၊

MFP ၊ အောက်တိုဘာ - ၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာအနီး၊ မန္တလေး - မုံရွာလမ်းပေါ်မှာ ဒီမနက်ပိုင်း မိုင်းကြောက်လို့ ဂျန်ပါကားတွေနဲ့ သွားလာနေတဲ့ စစ်အုပ်စုကားတန်းကို မိုင်းလေးလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိမှန်ပြီး စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM ခေါင်းဆောင် ကိုနွေဦးက ဆိုပါတယ်။

ဒီနေ့ မနက်(၁၁)နာရီခွဲမှာ စစ်ကိုင်းကနေ မုံရွာဘက် လာတဲ့ စစ်အုပ်စုရဲ့ ကားတန်းကို ဒေသကာကွယ်ရေး မဟာမိတ်တွေ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ယနေ့နံနက် (၁၁)နာရီခွဲမှာ စစ်ကိုင်းဘက်မှ မုံရွာဘက်လာတဲ့ ဂျန်ပါကား နှစ်စီးအပါ ခွေးကား ကားစီးကို အလ္လကပ္ပ အကျော်တွင် မြောင်အမျိုးသမီး စစ်သည်တော်တပ်မှ ထုတ်လုပ်သော ပြင်းအားမြင့် မိုင်းလေးလုံးနဲ့ တိုက်ခိုက်ရာ လေးစီးမြောက်ကားကို ထိမှန်ပြီး ကားမှာ လည်ထွက်သွားခဲ့ပါတယ်။ ဒဏ်ရာရနှင့် ခွေးသေများ ရှိနိုင်ပေမယ့် တိကျတဲ့ အကောင်အရေ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ပါသည်” လို့ ကိုနွေဦးက ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM၊ မြောင်အမျိုးသမီး စစ်သည်တော်တပ် - M2W၊ Black Eagle Defense Force - မြင်းမူ၊ မြင်းမူမြို့ပြပြောက်ကျားအဖွဲ့ - CRF၊ People Defense Force MMU PDF နှင့် မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲခံရကာ စကစတွေ ထိခိုက်သေဆုံးပြီးနောက် အနီးဝန်းကျင်ကို ရမ်းကားပစ်ခတ်နေတဲ့ စစ်အုပ်စုကို မြောင် TGR အမျိုးသမီး ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ မြောင် TGR တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေကတော့ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။

မန္တလေး - မုံရွာ လမ်းတလျှောက် မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံနေရတဲ့ စစ်အုပ်စုဟာ ခိုးရာပါ ပစ္စည်းတွေကို အရပ်သားကားတွေနဲ့ တင်ဆောင် သယ်ယူတာတွေ လုပ်နေသလို လူနာတင်ကားတွေ၊ ပရဟိတကားတွေ အသုံးပြုကာ အသွင်ယူ ပုံဖျက် သွားလာနေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မိုင်းတပ်ဆင် ထုတ်လုပ်နေတဲ့ မြောင်အမျိုးသမီး စစ်သည်တော် - M2W တပ်ဖွဲ့က ရဲဘော် တစ်ဦး/Photo – Ko Nway Oo

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #မြင်းမူ #မိုင်းဆွဲ #CDSOM #M2W 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ