မြင်းခြံမှာ လောင်းကစားဝိုင်းက ပြန်လာတဲ့ စကစဗိုလ်နှင့် နောက်လိုက်ကို သု-တ်သင်မှု သေနတ်နှင့် ငွေ သုံးသိန်း သိမ်းဆည်း ရရှိ၊ စစ်အုပ်စုက သူဌေးတွေ အပါအဝင် ဒေသခံ(၂၀)ကျော်ကို ဖမ်းပြီး ဆီမီးခုံမြို့ကို ည(၆)နှင့်မနက်(၆)ကြား ညမထွက်ရ အမိန့်ထုတ်၊

မြင်းခြံမှာ လောင်းကစားဝိုင်းက ပြန်လာတဲ့ စကစဗိုလ်နှင့် နောက်လိုက်ကို သု-တ်သင်မှု သေနတ်နှင့် ငွေ သုံးသိန်း သိမ်းဆည်း ရရှိ၊ စစ်အုပ်စုက သူဌေးတွေ အပါအဝင် ဒေသခံ(၂၀)ကျော်ကို ဖမ်းပြီး ဆီမီးခုံမြို့ကို ည(၆)နှင့်မနက်(၆)ကြား ညမထွက်ရ အမိန့်ထုတ်၊

MFP ၊ စက်တင်ဘာ - ၁

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံမြို့ လောင်းကစားဝိုင်းကနေ ကြည်ရွာဘက် ဆိုင်ကယ်နဲ့ ပြန်လာတဲ့ စကစ ဗိုလ်ကြီး အောင်ကိုကိုနှင့် နောက်လိုက်တစ်ယောက်ကို မနေ့ ညနေပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ရာ ပစ္စတို သေနတ် တစ်လက်၊ ငွေကျပ် သုံးသိန်းနှင့် ဖုန်း နှစ်လုံး သိမ်းဆည်း ရရှိတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

“ကြည်ရွာ ကျေးရွာမှ အကြီးဆုံး စခဗိုလ် နှင့်နောက်လိုက် တစ်ကောင် ဆိုင်ကယ်နှင့် ဆီမီးခုံမြို့ လောင်းကစားဝိုင်းမှ အပြန် ဆီမီးခုံမြို့ နှင့် ကြည်ရွာ ကျေးရွာကြား လမ်းခုလပ်တွင် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ နှစ်ကောင်လုံး နေရာတွင် လဲကျသွားပြီး ဆန့်ငင်ဆန့်ငင် ဖြစ်ပြီး နေရာတင် ပွဲချင်းပြီး ငရဲသို့ ပို့ပေးခဲ့သည်။ စခဗိုလ်ကြီး အောင်ကိုကို(သုံးပွင့်) ကိုင်ဆောင်သော MA5 MK2. တစ်လက်၊ ကျည် ခုနှစ်တောင့်၊ ငွေသုံးသိန်း၊ ဖုန်းနှစ်လုံး သိမ်းဆည်းရမိခဲ့သည်” လို့ နောင်ရိုး အထူး ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

ပစ်ခတ်ခံရပြီးနောက် အသေခင် စကစ ဗိုလ်ကြီး အောင်ကိုကို ( သုံးပွင့်)က "ငါ့ကို မသ-တ်ပါနဲ့ကွာ" လို့ ပြောဆိုပေမယ့် “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ" လို့ ပြန်ပြောကာ ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း(၆) နောင်ရိုး အထူးပြောက်ကျားတပ်-NYSGF၊ မြင်းခြံခရိုင် တပ်ရင်း( ၂) MGN Tiger၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း(၃)Scorpion နှင့် Bagan Nyoung Oo PDF တို့ မဟာမိတ်ညီနောင် ငါးဖွဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့က စက်တင်ဘာ(၁၀)ရက် နေ့လယ်(၁၂)နာရီခွဲမှာလည်း မြင်းခြံနယ်ထဲ စစ်အုပ်စုနှင့် ပေါင်းပြီး မိုက်ကြေးခွဲ၊ ဆက်ကြေးတောင်း သောင်းကျန်းနေတဲ့ ဆုံရွာက ပျူသုံးယောက်ကို ဆီမီးခုံနှင့် နဘူးအိုင် လမ်းပေါ်မှာ ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူ နှစ်ယောက် သေပြီး တစ်ယောက် ထွက်ပြေးလွတ်မြောက် သွားတယ်လို့ နောင်ရိုး အထူးပြောက်ကြားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

“ဆုံရွာမှ စစ်ကောင်စီ အားကိုးဖြင့် လက်နက်ကိုင် မိုက်ကြေးခွဲ နေသော တင်ထွန်းဝေ၊ နဒ္ဒ နှင့် ထွန်းထွန်းဝင်း ပျူစောထီး သုံးကောင်မှာ နဒ္ဒသည် သေနက်ကျည် ရှင်းရာမှ ကိုယ့်လက်ကို ပြန်ပ-စ်မိ၍ မြင်းခြံသို့ ဆေးခန်း သွားပြပြီး ပြန်အလာ ဆီမီးခုံ - နဘူးအိုင် ကားလမ်းပေါ်၌ လိုက်လံပစ်ခက် ရှင်းလင်းခဲ့ရာ ပျူ နှစ်ကောင် ဂန့်။ ကျန် တစ်ကောင်မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်” လို့ နောင်ရိုးအထူး ပြောက်ကျားတပ်က ဖော်ပြပါတယ်။

အဲ့ဒီ ပျူတွေကို တိုက်ခိုက်မှုကို နောင်ရိုး အထူးပြောက်ကျားတပ် - NYSGF ၊ မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နှင့် Scorpion ပြောက်ကျားတပ်ဖွဲ့တို့ မဟာမိတ်ညီနောင် သုံးဖွဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

မြင်းခြံနယ် ဆီမီးခုံမှာ တစ်နေ့တည်း စကစ သုံးပွင့်ဗိုလ် အပါအဝင် စကစနှင့်ပျူ ငါးယောက် သု-တ်-သင် ရှင်းလင်း ခံရပြီးနောက် စစ်အုပ်စုက ထင်တိုင်းကျဲ သောင်းကျန်းနေကာ ဒေသခံပြည်သူ (၂၀)ကျော်ကို ဖမ်းဆီးပြီး ဆီမီးခုံမြို့ကိုလည်း ညနေ(၆)နာရီကနေ မနက်(၆)နာရီအတွင်း ညမထွက်ရ အမိန့် ထုတ်ပြီး ဈေးဆိုင်တွေကို ပိတ်သိမ်းခိုင်းနေတယ်လို့ ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ ဆီမီးခုံ သတင်းက ဆိုပါတယ်။

“ယနေ့ ညနေပိုင်း မှာ ကြည်ရွာ မှ ပြည်သူ (၁၂)ဦး၊ ဆီမီးခုံမြို့မှ နှစ်ဦးကို စခ များမှ ထပ်မံ ဖမ်းဆီးခဲ့။ ဆီမီးခုံမြို့ အတွင်းမှာ ညနေ(၆)နာရီမှ မနက်(၆)နာရီအတွင်း ညမထွက်ရ အမိန့်ကို စခ များမှ ထုတ်ပြန်သွားပြီး ဈေးဆိုင်တန်းများကို စောစီးစွာ ပိတ်သိမ်းခိုင်းခဲ့” လို့ ဆီမီးခုံသတင်းက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ စကစတွေ သု-တ်-သ-င်ခံရပြီးနောက် မနေ့က ညနေပိုင်းကတည်းက သောင်းကျန်းနေတာ ဖြစ်ပြီး မနေ့က ညသန်းခေါင်မှာလည်း ဖက်ပင်အိုင်ရွာနဲ့ ဂင်ဂဲရွာက ပြည်သူ(၁၀)ဦးခန့်နှင့် ဆီမီးခုံမြို့က ပြည်သူ အနည်းဆုံး ငါးဦ်းခန့်ကို ဖမ်းဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ လောင်းကစားဝိုင်းကို လာရောက်ခဲ့တဲ့ သူတွေနှင့် ဆီးမီးခုံမြို့က ငွေကြေး ချမ်းသာသူတွေကို ဖမ်းဆီးနေတာလို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #ဆီမီးခုံ #ကြည်ရွာ #ဆုံရွ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ