မုံရွာ - အရာတော် လမ်းမှာ စကစ ကားကို မိုင်းဆွဲ၊ ဗိုလ်အပါအဝင် သုံးသောက်သေ၊

မုံရွာ - အရာတော် လမ်းမှာ စကစ ကားကို မိုင်းဆွဲ၊ ဗိုလ်အပါအဝင် သုံးသောက်သေ၊

MFP ၊ အောက်တိုဘာ - ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာ - အရာတော် လမ်းမှာ ကင်းပုန်းဝပ်နေတဲ့ စကစတွေထံ စားစရာလာပို့တဲ့ စစ်အုပ်စုရဲ့ ကားကို မနေ့က မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ သုံးပွင့်ဗိုလ် အပါအဝင် စကစ သုံးယောက် သေတယ်လို့ အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၊ တပ်ရင်း (၁)၊ တပ်ခွဲ (၃)က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၅)ရက်က မုံရွာ - အရာတော် ကားလမ်းတလျှောက် ကင်းပုန်းဝပ်၊ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုထံ စားစရာလာပို့တယ်လို့ ယူဆရတဲ့ ကားကို အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု တပ်ရင်း (၁)၊ တပ်ခွဲ (၃) - God Of Monywa People Defence Force - GPDF နှင့် သပြေညို ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မုံရွာ - အရာတော် လမ်းပိုင်းတစ်နေရာ၌ ကင်းပုန်းဝပ်နေသော ခွေးများကို ရိက္ခာလာပို့သော MR(2) ကားသည် ကံ‌ကောင်းစွာဖြင့် Point ရှေ့တည့်တည့်၌ ရပ်ပေးနေရှာလေသည်။ ထိုအချိန်၌ လခြမ်း လေးလုံးသည် မိုးကြိုး ပစ်သကဲ့သို့ ကားထဲသို့ ပြေးဝင်သွားပါသည်။ ထိုMR(2)ကား သည် ရှေ့ဆက် မမောင်းနိုင်တော့ဘဲ Point နေရာ၌ ထားခဲ့ရရှာသည်။ ထိုကားပေါ်တွင် သုံးပွင့်ဗိုလ် တစ်ဦး အပါအဝင် နောက်လိုက် ခွေးနှစ်ကောင် စုစုပေါင်း သုံးကောင်သေဆုံးပြီး ကျန်ခွေးနှစ်ကောင်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပါသည်။ တခြားနေရာ၌ ဝပ်နေသော ကင်းပုန်းခွေးများသည် မိမိတို့ရဲဘော်များကို ဝေးလံသည့် နေရာအထိ လိုက်လံ ပစ်ခက်ခဲ့သော်လည်း မိမိတို့ရဲဘော်များမှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါ" လို့ GPDF က ဖော်ပြပါတယ်။

စစ်အုပ်စုက မုံရွာ - အရာတော် ကားလမ်းတလျှောက် ပြည်သူကို ဖမ်းဆီးငွေညှစ် ဆက်ကြေးကောက်တာတွေ နေ့စဉ်လုပ်ဆောင်နေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

အရာတော်နယ်ကို စစ်အုပ်စုက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားပြီး ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #အရာတော် #ကား #မိုင်း #သပြေညို #GPDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ