ရေစကြိုမှာ လ္ဘက်ရည်ဆိုင်ထိုင်နေတဲ့ စစ်အုပ်စုကို လျှက်ဆားကျွေး၊ တစ်ယောက်သေပြီး နှစ်ယောက် ဒဏ်ရာရဟုဆို၊

ရေစကြိုမှာ လ္ဘက်ရည်ဆိုင်ထိုင်နေတဲ့ စစ်အုပ်စုကို လျှက်ဆားကျွေး၊ တစ်ယောက်သေပြီး နှစ်ယောက် ဒဏ်ရာရဟုဆို၊

MFP ၊ အောက်တိုဘာ - ၁၂

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်(၂) စည်ပင်သာယာရပ်ကွက်မှာ လ္ဘက်ရည်ဆိုင်ထိုင်နေတဲ့ စကစ ပျူတွေကို ဝင်ရောက် ပစ်ခတ်ပြီး လျှက်ဆားပုလင်း ကျွေးခဲ့ရာ တစ်ယောက် သေပြီး နှစ်ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မန္တလေး ခရိုင် တပ်ရင်း(၃)၊ တပ်ခွဲ(၃) - Black Wolf PDF-MDY က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၁)ရက် နေ့လည်(၂)နာရီခွဲက ရေစကြိုမြို့၊ အမှတ်(၂) စည်ပင်သာယာရပ်ကွက်က စစ်အုပ်စုနှင့် ပျူတွေ စုဝေးနေလေ့ရှိတဲ့ လက်ဘက်ရည်ဆိုင်ကို ဝင်ရောက်တိုက်ခိုက် ဗုံးထုခဲ့တာလို့ ဆိုပါတယ်။

“စခ / ပခ များစုဝေးရာ” လက်ဖက်ရည်ဆိုင်အတွင်း ရောက်ရှိ နေသော စခ၊ပခ သုံးကောင်ကို မိမိတို့ Black Wolf PDF-MDY (တပ်ရင်း-၃ /တပ်ခွဲ -၃) နှင့် ညီနောင်မဟာမိတ် ပူးပေါင်းအဖွဲ့တို့မှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည် ပစ်ခတ်တိုက်ခိုက်မှုအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့မှ ပစ္စတိုနှင့် လျှက်ဆားပုလင်း အသုံးပြုခဲ့သည်။ ပစ္စတိုနှင့် ပစ်ခတ်စဉ်အတွင်း ပခ တစ်ကောင်လက်မောင်းထိမှန် လဲကျစဉ်တွင် လျှက်ဆားပုလင်း တစ်လုံ းထပ်မံပစ်သွင်းခဲ့သည်။ မိဘပြည်သူများ၏ ပြည်သူ့မေတ္တာစူးနေသော စခ၊ပခ နှစ်ကောင်သည် လျှက်ဆားလျှက်၍ မဟာ ပထဝီမြေကြီးပေါ်၌ လဲကျကာ ကျန် တစ်ကောင်မှာ သွေးသံတရဲရဲဖြင့် နေရာတွင် ပွဲချင်းပြီး ငရဲပြည်ဆင်းသွားသည်။ လျှက်ဆားလျှက်ထားသော နှစ်ကောင်မှာလည်း ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုမှုခံယူနေကြောင်း ကနဦးသတင်းအရသိရပါသည်" လို့ Black Wolf PDF-MDY က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို MDY-PDF (မန္တလေးခရိုင် တပ်ရင်း-၃)၊ ဒေါင်းညီနောင် (MDYတပ်ရင်း-၃/တပ်ခွဲ-၃)နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့( ပခုက္ကူခရိုင် တပ်ရင်း-၃ / တပ်ခွဲ- ၃) တို့ ပူးပေါင်းပြီး မြို့ပြစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဘက်ကတော့ လက်ဘက်ရည်ဆိုင်ထဲ တိုက်ခိုက်ခံရတာ မှန်ပေမယ့် စကစတွေ၊ ပျူတွေ အထိအခိုက် မရှိဘဲ ဆိုင်ထဲရှိနေတဲ့ အမျိုးသမီးကြီးတစ်ဦးသာ ခြေထောက်မှာ မိုင်းစထိမှန် ဒဏ်ရာရတယ်လို့ သတင်း ဖြန့်ထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း ရေစကြိုမြို့နယ် လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်ပြီး စစ်အုပ်စုအတွက် ငွေရှာပေးနေတဲ့ ပျူတွေကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သုတ်သင်ရှင်းလင်းခဲ့ပြီး လက်နက်တချို့ သိမ်းဆည်း ရရှိခဲ့ပါတယ်။ ပျူတွေ သုတ်သင်ခံရပြီးနောက် စစ်အုပ်စုက အနီးအနားက ဈေးဆိုင်ခန်းတွေကို ဝင်မွှေသောင်းကျန်း မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံပြည်သူ နှစ်ဦးကိုလည်း ပစ်ခတ် သတ်-ဖြတ်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #BlackWolfPdfMdy 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ