မြိုင်နယ်မှာ NUG ပညာရေး ဆရာအတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ၊

မြိုင်နယ်မှာ NUG ပညာရေး ဆရာအတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ၊

MFP ၊ သြဂုတ် - ၂



မကွေးတိုင်း မြိုင်ပြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်အဖြစ် မြိုင်မြို့နယ် ပြည်သူ့အခြေပြုကျောင်း ဆရာဆရာမများ ဆရာအတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီနေ့ သြဂုတ် (၂)ရက်မှာ ကျင်းပခဲ့တယ်လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ - Board Of Education – Myaing က သတင်း ထုတ်ပြန်ပါတယ်။

မြိုင်မြို့နယ်မှာ NUG ရဲ့ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်အတိုင်း ဖွင့်လှစ်ထားတဲ့ ပြည်သူ့အခြေပြုကျောင်း (၁၅၀)ဝန်းကျင် ရှိပြီး ကျောင်းသား၊ကျောင်းသူ (၂၅ ၀၀၀) ဝန်းကျင် တက်ရောက် ပညာသင်ကြားလျှက် ရှိကာ သင်ကြားပေးသူ ဆရာ၊ဆရာမ (CDM + Volunteers) စုစုပေါင်း (၂၅၀၀) ဝန်းကျင် ရှိတယ်လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ - Board Of Education – Myaing က ဆိုပါတယ်။



အဲ့ဒီ ကျောင်းတွေ အားလုံးဟာ ရပ်ရွာအစီအစဉ်နဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားကြတာ ဖြစ်ပြီး NUG ကရော၊ မြိုင်ပညာရေး ဘုတ်အဖွဲ့ကပါ ငွေကြေးတစုံတရာ ထောက်ပံ့ကူညီပေးနိုင်တာ မရှိသေးဘူးလို့လည်း မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ - Board Of Education – Myaing က ဆိုပါတယ်။

May be an image of 12 people, people sitting and people standing

May be an image of 12 people, people sitting and people standing



မြိုင်နယ်မှာ NUG ရဲ့ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်အတိုင်း ကိုယ်ထူကိုယ်ထ ကျေးရွာစာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေတာ တစ်နှစ်ကျော်ပြီ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #NUG #ပညာရေး #ကျောင်း #ဆရာ #ကျောင်းသား 

See less

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ