နိုင်ငံတဝန်းမှာ တစ်လအတွင်း တိုက်ပွဲ (၆၉၀)ကျော် ဖြစ်ပွားပြီး စကစ (၂၁၀၀)ကျော် သေ၊

နိုင်ငံတဝန်းမှာ တစ်လအတွင်း တိုက်ပွဲ (၆၉၀)ကျော် ဖြစ်ပွားပြီး စကစ (၂၁၀၀)ကျော် သေ၊

MFP ၊ သြဂုတ် - ၁၆

မြန်မာနိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ တစ်လတာအတွင်း ပြည်သူ့ခုခံ တွန်လှန်စစ်အဖြစ် တိုက်ပွဲ အကြိမ်(၆၉ဝ)ကျော် ဖြစ်ပွားခဲ့ပြီး စကစ (၂၁၀၀)ကျော် သေတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

 ဧရာဝတီတိုင်း Ο MOHAI ရခိုင်ပြည်နယ် ၃ ရန်ကုန်တိုင်း ကရင်နီပြည်နယ် မွန်ပြည်နယ် ရှမ်းပြည်နယ် တနင်္သာရီတိုင်း ၁၈ ချင်းပြည်နယ် မန္တလေးတိုင်း ကချင်ပြည်နယ် ၂၇ မကွေးတိုင်း ၆၀ ပဲခူးတိုင်း ၆၈၃ ၆၇ စစ်ကိုင်းတိုင်း ၂၁၅၁ ကရင်ပြည်နယ် ၂၀၂ ၂၁၉ တိုက်ပွဲဖြစ်ပွားမှု ဗုံးပေါက်ကွဲမှု -SACထိခိုက်ဒဏ်ရာရရှိသူ -SACသေဆုံးသူ"

၂၀၂၂ ဇူလိုင်(၇)ရက်ကနေ သြဂုတ်(၆)ရက်အထိ နိုင်ငံတဝန်း တိုက်ပွဲ (၆၉၂)ကြိမ်နှင့် ဗုံးပေါက်ကွဲမှု (၁၄၈) ကြိမ် ဖြစ်ပွားခဲ့ပြီး အဲ့ဒီ တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က (၂၁၅၁) ဦး သေပြီး ဒဏ်ရာရသူ (၆၈၃)ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှု ဖြစ်စဉ်တွေအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အကျအဆုံး စာရင်းကိုတော့ မဖော်ပြထားပါဘူး။

ပြီးခဲ့တဲ့ တစ်လအတွင်း ခုခံတွန်းလှန်စစ် တိုက်ပွဲတွေ အများဆုံး ဆင်နွှဲခဲ့တာဟာ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဖြစ်ပြီး ကရင်ပြည်နယ်မှာ တိုက်ပွဲ (၂၁၉)ကြိမ်နဲ့ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲ (၂၀၂)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးကတော့ ဧရာဝတီတိုင်း ဖြစ်ပါတယ်။

“အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် မြန်မာပြည်သူများ အပေါ် မတရား ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက် လုပ်ရပ်များကို နေ့စဉ်ကျူးလွန် လုပ်ဆောင်နေရာ၊ ပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်မှု ကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံတော်လှန်စစ်ကို မလွှဲသာမရှောင် ဆင်နွှဲနေကြရခြင်း ဖြစ်သည်” လို့ NUG က ဖော်ပြပါတယ်။

၂၀၂၁ စက်တင်ဘာ(၇)ရက်က စတင်ပြီး နိုင်ငံတဝန်း ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ဆင်နွှဲဖို့ NUG က ကြေညာထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်လအတွင်း စစ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တချို့/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #NUG #တိုက်ပွဲ #ကရင် #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ