ဒရုန်းတွေ ဖျက်ချခံရပြီး ပြန်မဝယ်နိုင်သေးလို့ မစ်ရှင်တွေ ယာယီ ရပ်နားကြောင်း ခင်ဦး RTGF တပ်ဖွဲ့ ထုတ်ပြန်၊

ဒရုန်းတွေ ဖျက်ချခံရပြီး ပြန်မဝယ်နိုင်သေးလို့ မစ်ရှင်တွေ ယာယီ ရပ်နားကြောင်း ခင်ဦး RTGF တပ်ဖွဲ့ ထုတ်ပြန်၊

MFP ၊ အောက်တိုဘာ - ၃

ဖက်ဆစ်တပ်ကို တိုက်ခိုက်ရင်း ဒရုန်းနှစ်စီး ဖျက်ချခံရပြီး ပြန်မဝယ်နိုင်သေးတာကြောင့် လတ်တလော တိုက်ခိုက်ရေး မစ်ရှင်တွေ ယာယီ ရပ်နားထားရတယ်လို့ ခင်ဦးနယ် အခြေပြု Royal Tiger Guerrilla Force တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ခင်ဦး RTGF ဟာ ရွှေဘိုနယ်ထဲ ရွာစဉ်ပတ်မွှေကာ လုယက်ဓားပြတိုက် အကြမ်းဖက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒရုန်းသုံးကာ တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေး အဖွဲ့ငယ်တစ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာတော့ တိုက်ခိုက်ရေးအတွက် သုံးတဲ့ ဒရုန်းနှစ်စင်းလုံး မရှိတော့တာကြောင့် မစ်ရှင်တွေ ယာယီရပ်နားထားရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ RTGF (Khin U) အဖွဲ့ရဲ့ အားထားရသော ဒုန်းနှစ်စီးလုံး ရန်သူ စခများရဲ့ ပစ်ချခြင်း ခံခဲ့ရသည့်အတွက် ဆက်လက်တိုက်ပွဲဝင်ရန် အခက်အခဲများစွာ ရှိသည့်အတွက် Mission များ ရပ်နားထားခဲ့ရပါသည်။ ကျွန်တော်အဖွဲ့အနေဖြင့် ကိုထူကိုယ်ထ စခဲ့ရတာ ဖြစ်သဖြင့် ရန်ပုံငွေ မလုံလောက်မှူ၊ လက်နက်ခဲရမ်း မပြည့်စုံမှုများ ကြုံနေရပြီး ပြည်သူလူထု၏ ထောက်ပံ့ကူညီမှု များစွာ လိုအပ်နေပါသည်။ ထပ်မံ၍ လိုအပ်နေသော ဒုန်း တစ်စီးနဲ့ မောင်းပြန် ဝယ်ယူနိုင်ရန် အတတ်နိုင်ဆုံး ငွေစုနေရပါသဖြင့် လက်တွဲ ဖေးမ ကူညီပေးကြဖို့ အထူးပင်မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်” လို့ RTGF က ဖော်ပြပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ရွှေဘို၊ ခင်ဦး၊ တန့်ဆည် နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျု ကျူးလွန်နေပါတယ်။

ခင်ဦး RTGF ကို ထောက်ပံ့ကူညီလိုသူတွေ အနေနဲ့ Royal Tiger Guerrilla Force ဖေ့စ်ဘွတ်ကနေ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ခင်ဦး #RTGF #ဒရုန်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ