ကျွန်းလှမှာ စစ်အုပ်စုက နွားကျောင်းသား လူငယ်နှစ်ဦးကို ဖမ်းပြီး ညှဉ်းပန်း သတ်-ဖြတ်၊ အလောင်းတွေကို လမ်းဘေး ကန်ချထားခဲ့၊

ကျွန်းလှမှာ စစ်အုပ်စုက နွားကျောင်းသား လူငယ်နှစ်ဦးကို ဖမ်းပြီး ညှဉ်းပန်း သတ်-ဖြတ်၊ အလောင်းတွေကို လမ်းဘေး ကန်ချထားခဲ့၊

MFP ၊ အောက်တိုဘာ - ၁၃

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုက မနေ့က နေ့လည်ပိုင်း လမ်းဘေးမှာ နွားကျောင်းနေတဲ့ လူငယ်နှစ်ဦးကို ကားပေါ်တင် ဖမ်းခေါ်သွားပြီးနောက် တစ်နာရီခန့်အကြာမှာ ညှဉ်းပန်း သတ်-ဖြတ်လိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ(၁၂)ရက် နေ့လည်(၁)နာရီက ကျွန်းလှမြို့ကနေ တုန်ဖုန်းကားနှစ်စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စုနှင့် ပျူတွေဟာ ငှက်ပျောတောရွာအနီးမှာ နွားကျောင်းနေတဲ့ လူငယ်နှစ်ဦးကို အကြောင်းမဲ့ ရန်ပြု ဖမ်းဆီးသွားပြီးနောက် ညှဉ်းပန်းသတ်-ဖြတ်ခဲ့ကာ နေ့လည်(၂)နာရီခန့်အချိန် ကျောက်အိုက်ရွာထဲမှာ အလောင်းတွေ တွေ့ရတာလို့ ဆိုပါတယ်။

စစ်အုပ်စုနဲ့ ပျူတွေရဲ့ အကြောင်းမဲ့ ညှဉ်းပန်း သတ်-ဖြတ်ခံလိုက်ရတဲ့ လူငယ်နှစ်ဦးဟာ ငှက်ပျောတောရွာက ကိုကျော်ထက်နဲ့ အင်တိုင်းရွာက တစ်ဦးဖြစ်တယ်လို့ ဆိုပြီး နွားကျောင်းနေရင်းက ဖမ်းဆီးခံရပြီး အသတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

" ကျာက်အိုင်ရွာလယ်နားက ထရန်စဖာရုံနားမှာ သူတို နှစ်ယောက်ကို ပစ်သတ်သွားတာတဲ့။ သူတိုမိသားစုဝင်တွေက အခုချိန်ထိတော့ အလောင်း သွားမကောက်ရဲကြသေးဘူး။ အဲ့နားမှာက ပျူတွေ ရှိနေသေးတော့" လို့ ဒေသခံတစ်ဦးက ပြောကြောင်း ကန့်ဘလူဒေသ သတင်းတွေ တင်ဆက်နေတဲ့ Infinity Group က ဖော်ပြပါတယ်။

စစ်လော်ဘီတွေကတော့ နွားကျောင်းသား ဟန်ဆောင်ထားတဲ့ PDF နှစ်ဦး ဖမ်းမိပြီး ကားပေါ်က ခုန်ချထွက်ပြေူဖို့ ကြိုးစားရင်း ပွဲချင်းပြီး သေတာလို့ သတင်းအမှား ဖြန့်ပါတယ်။

ကန့်ဘလူ၊ ကျွန်းလှ၊ တန်ပဆည်နယ်တွေထဲ စစ်အုပ်စုနှင့် စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူတွေ ကြီးစိုး သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ မုဒိန်းကျင့်၊ ဖမ်းဆီးငွေညှစ်၊ ရွာမီးရှို့၊ ဓားပြတိုက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ကန့်ဘလူ၊ ကျွန်းလှနယ်ထဲ သောင်းကျန်းနေတဲ့ ပျူခေါင်းဆောင် ဝါသဝနှင့် ပျူတွေ/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ကျွန်းလှ #ငှက်ပျောတော 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ