ကသာနယ်မှာ စစ်အုပ်စုရဲ့ သင်္ဘောတွေကို (၁၀၇)မမ ဒုံးနဲ့ တိုက်ခိုက်ရာ တစ်စီးထိ၊ စစ်အုပ်စုက မြစ်ကမ်းဘေးရွာတွေကို လေယာဉ်နဲ့ ခုနှစ်ကြိမ် ပစ်ခတ်၊

ကသာနယ်မှာ စစ်အုပ်စုရဲ့ သင်္ဘောတွေကို (၁၀၇)မမ ဒုံးနဲ့ တိုက်ခိုက်ရာ တစ်စီးထိ၊ စစ်အုပ်စုက မြစ်ကမ်းဘေးရွာတွေကို လေယာဉ်နဲ့ ခုနှစ်ကြိမ် ပစ်ခတ်၊

MFP၊ သြဂုတ် - ၁၁

ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ သင်္ဘောတွေကို ထီးချိုင့်မြို့ရဲ့ အထက်ဘက် ကသာနယ် ပန်းသေးကျွန်းတစ်ဝိုက်မှာ (၁၀၇)မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သဘောၤာတစ်စီးကို ချက်ကောင်း ထိမှန်ခဲ့တယ်လို ကသာမြိုနယ် ပြည်သူ့ကာကွယ်ရေး အဖွဲ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၁၁)ရက် ဒီကနေ့ နေ့လယ်(၁)နာရီကျော်က ကသာနယ် ပန်းသေးကျွန်းအနီး ရောက်ရှိလာတဲ့ စစ်အုပ်စုရဲ့ သင်္ဘောခြောက်စီးကို ကသာခရိုင် PDF တပ်ရင်း (၁၂) လက်အောက်ခံ Kachin PDF နဲ့ ဒေသကာကွယ်ရေး ပကဖ အဖွဲတို့ ပူးပေါင်းပြီး (၁၀၇)မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"(၁၀၇)မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရာ သင်္ဘောခြောက်စီးတွင် တစ်စီးကို ချက်ကောင်း ထိမှန်သွားပါသည်"လို ကသာ ပကဖ က ဖော်ပြပါတယ်။

သင်္ဘောတွေ ရှော့ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် ညနေ(၃)နာရီခွဲကျော်မှာ အကြမ်းဖက် စစ်အုပ်စုက မြစ်ကမ်းဘေး ကျေးရွာတွေကို ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ခုနစ်ကြိမ် လာရောက် ပစ်ခတ် သောင်းကျန်းခဲ့တယ်လို့ ကသာ - ပကဖ က ဆိုပါတယ်။

စစ်အုပ်စုဟာ ကသာမြို့ အထက်ဘက်က မြစ်ကမ်းဘေး ကျေးရွာတွေဖြစ်တဲ့ မင်းလယ်အုပ်စု၊ မင်းလယ်နဲ့ မဲဟင်းစတဲ့ ရွာတွေကို ပစ်မှတ်ထားကာ လေယာဉ်နဲ့ ခုနှစ်ကြိမ် ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေတွေကို မသိရသေးဘူးလို ကသာ ပကဖ က ထုတ်ပြန်ပါတယ်။

"ဘော်ဘော်(ခ)သင်္ဘော ခြောက်စီးအား ကုန်းကြောင်း၊ လေကြောင်း ဖြင့် ဗန်းမော်ရောက်အောင် တွဲခေါ်မည်ဟု သတင်းရ။ မြစ်ရိုးတလျှောက် ကျေးရွာများမှ ပြည်သူများ ခင်ဗျာ ထုံးစံအတိုင်း ဝီရိယ စိုက်၍ ဘေးလွှတ်ရာ ရှောင် တိမ်း ပေးထားကြပါခင်ဗျာ"လို ကသာ ပကဖ က သတိပေး တိုက်တွန်းပါတယ်။

သြဂုတ်(၉)ရက်ကလည်း အကြမ်းဖက် စစ်အုပ်စုရဲ့ သင်္ဘောတွေကို လုံခြုံရေး ပေးဖို ခြေကျင်ရောက်လာတဲ့ စစ်အုပ်စုကို ကသာနယ် မိုးတားလေးကျေးရွာ အနီးမှာ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)နဲ့ PDF ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့ရာ စကစ လေးယောက် ထက်မနည်း သေတယ်လို့ ဒေသကာကွယ်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။

လက်နက်နဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်အုပ်စုရဲ့ သင်္ဘောခြောက်စီးဟာ သြဂုတ် (၈)မှာ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီး ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ဦးတည်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကသာ #သင်္ဘော #ရှော့ဒုံး #ပကဖ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ