ပြည်သူ့ အထောက်အပံ့နဲ့ ကျပ် (၁၂၅)သိန်းတန် စနိုက်ပါ ဝယ်ယူနိုင်ပြီလို့ နဂါးညီနောင် (DBTF)တပ်ဖွဲ့ ထုတ်ပြန်၊

ပြည်သူ့ အထောက်အပံ့နဲ့ ကျပ် (၁၂၅)သိန်းတန် စနိုက်ပါ ဝယ်ယူနိုင်ပြီလို့ နဂါးညီနောင် (DBTF)တပ်ဖွဲ့ ထုတ်ပြန်၊

MFP ၊ ဩဂုတ် - ၈

အွန်လိုင်းကမ်ပိန်းတစ်ခုရဲ့ ထောက်ပံ့ကူညီမှုနဲ့ ပြည်သူ့လှူဒါန်းမှုတွေ ပူးပေါင်းပြီး ကျပ်(၁၂၅ )သိန်းတန် ကာဘိုင်အမျိုးအစား တာဝေးပစ်ရိုင်ဖယ်စနိုက်ဘာတစ်လက် ဝယ်ယူနိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင် ခရိုင်က နဂါးညီနောင်တပ်ဖွဲ့ (Dragon Brother Task Force -DBTF)က ထုတ်ပြန်ပါတယ်။

နွေဦးအားမာန် ဖေ့ဘုတ်စာမျက်နှာရဲ့ “ပေါက်ရင်ယူ မပေါက်ရင်လှူ” ကမ်ပိန်းက ရရှိငွေ နဲ့ ပြည်သူ့အထောက်အပံ့တွေ စုစုပေါင်း ကျပ်သိန်း (၁၀၀) ကျော်ရရှိခဲ့ပြီး အခုလို ဖြည့်စွက် ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။

“တပ်ဖွဲ့အတွက် Mission တိုင်းမှာ မရှိမဖြစ်လိုအပ်နေတဲ့ ပစ္စည်းဖြစ်သည့်အတွက် အရေးပေါ် ဝယ်ယူခဲ့ရပြီး လမ်းခရီးအခက်အခဲကြောင့် အချိန်အနည်းငယ်တော့ ကြန့်ကြာခဲ့ရပါတယ်။” လို့ DBTF ဆိုပါတယ်။

အခုလို ဝယ်ယူနိုင်ခဲ့ပေမယ့်လည်း ဇူလိုင်(၂)ရက်က စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ငါးဖျက်ရွာ တိုက်ပွဲမှာ ရဲဘော်တစ်ဦးကျည်ထိပြီး ကျကျန်ခဲ့တဲ့ ချေမှုန်းရေးရိုင်ဖယ်တစ်လက် ပြန်လည်ဖြည့်စွက် ဝယ်ယူနိုင်ဖို့ ဆက်လက်ကူညီထောက်ပံ့ပေးကြဖို့ နဲ့ ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုတွေအားလုံးကို အလေအလွင့်မရှိအောင် သုံးစွဲနေတယ် ထုတ်ပြန်စာမှာ ထည့်သွင်းရေးသားထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #နဂါးညီနောင် #လက်နက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ