ယင်းမာပင် ရင်ပေါင်တိုင်ရွာဘက် ဖက်ဆစ်တပ်က ရဟတ်ယာဉ် ခြောက်စီးနဲ့ စီးနင်းပစ်ခတ် သောင်းကျန်းနေ၊

ယင်းမာပင် ရင်ပေါင်တိုင်ရွာဘက် ဖက်ဆစ်တပ်က ရဟတ်ယာဉ် ခြောက်စီးနဲ့ စီးနင်းပစ်ခတ် သောင်းကျန်းနေ၊

MFP ၊ အောက်တိုဘာ - ၁၉

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာနှင့် အနီးဝန်းကျင်ရွာတွေကို ဒီမနက် (၁၀)နာရီကျော်မှာ ဖက်ဆစ်တပ်က ရဟတ်ယာဉ် ခြောက်စီးနဲ့ စီးနင်းပစ်ခတ် သောင်းကျန်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

"ရင်မောင်တိုင်းရွာ၊ ဆင်စွယ်ရွာ အနီး (Mi-35) နှစ်စင်းဖြင့် ပစ်၍ (Mi-17) နှစ်စင်းဖြင့် နှစ်ခေါက်ပြန်၍ လူချ ပစ်ခတ်နေပါတယ်" လို့ ယင်းမာပင် PDF က ဖော်ပြပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၉)ရက် မနက်(၁၀)နာရီ(၁၀)မိနစ်က စတင်ကာ ရဟတ်ယာဉ် လေးစီးနဲ့ လာရောက် ပစ်ခတ်တာဖြစ်ပြီး နောက်ထပ် နှစ်စီး ထပ်ရောက်လာကာ ပစ်ခတ်တာ၊ စီးနင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

"နမခမှ ရဟတ်ယဉ် လေးစီးဖြင့် ရင်ပေါင်တိုင်၊ ဆင်စွဲရွာ အနီးသို့ သုံးစီးဝဲပြီး တစ်စီးမှ ရမ်းသမ်းပစ်ခတ်နေ။ ပုထိုးသာအရှေ့ဘက် ပုပ္ပါရွာအနီးတွင် ရဟတ်ယဉ်ဖြင့် စစ်ခွေးများ ချနေဟု ကနဦးသတင်းရရှိ (အတည်မပြု့နိုင်သေး)။ လည်ငေါက်-ပုထိုးသာ ကားလမ်းအား အသုံးပြုမည့် မော်တော်ယာဉ်နှင့် ခရီးသွားများ လောလောဆယ် သတိပြုဆင်ခြင်ပြီး မဖြတ်သန်းကြဖို့ အသိပေးနိုးဆော်ပါတယ်ဗျ" လို့ ပုလဲတပ်ရင်း(၁) - Royal Eagle PDF က လည်း သတိပေးထားပါတယ်။

ဖက်ဆစ်တပ်က ရဟတ်ယာဉ်နဲ့ စီးနင်းပစ်ခတ် သောင်းကျန်းနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး MFP အနေနဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဖက်ဆစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်(၁၁)ရက်ကလည်း ယင်းမာပင်မြိုကနယ် ရင်ပေါင်တိုင်ရွာနှင့် အနီးဝန်းကျင်ရွာတွေကို ရဟတ်ယာသ်တွေနဲ့ ဗုံးကြဲပစ်ခတ်ကာ သုံးရက်ကြာ စီးနင်းသောင်းကျန်းခဲ့ပြီး ဒေသခံ အနည်းဆုံး (၁၃)ဦး အပါအဝင် (၁၉)ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၁၁)ရက်က ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာကို ဖက်ဆစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ရင်ပေါင်တိုင်ရွ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ