မုံရွာ စီးပွားရေးဘဏ်ရှေ့က စစ်အုပ်စုကို စီးနင်းတိုက်ခိုက်၊ ခြင်းခတ်နေတဲ့ လေးယောက် အပါအဝင် စကစ ခြောက်ယောက် သေဟုဆို၊

မုံရွာ စီးပွားရေးဘဏ်ရှေ့က စစ်အုပ်စုကို စီးနင်းတိုက်ခိုက်၊ ခြင်းခတ်နေတဲ့ လေးယောက် အပါအဝင် စကစ ခြောက်ယောက် သေဟုဆို၊

MFP ၊ စက်တင်ဘာ - ၃၀

မုံရွာမြို့လည်၊ ဗိုလ်ချုပ်လမ်း၊ မြန်မာ့စီးပွားရေး ဘဏ်ရှေ့မှာ ဂိတ်ထိုးပြီး ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲလေ့ရှိတဲ့ စစ်အုပ်စုကို ဒီညနေပိုင်း စီးနင်းတိုက်ခိုက်ခဲ့ရာ ခြင်းခတ်နေတဲ့ လေးယောက် အပါအဝင် စကစ ခြောက်ယောက် သေတယ်လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၃၀)ရက် ညနေ(၆)နာရီကျော်က မုံရွာ စီးပွားရေး ဘဏ်ရှေ့က စစ်အုပ်စုကို စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မုံရွာ စီးပွားရေးဘဏ်တွင် ….. ခြင်းခတ်နေသော စကစ လေးကောင်၊ သဲအိတ်အကာဖြင့် ကင်းစောင့်နေသော စကစ တစ်ကောင်၊ မော်တော်ပီကယ် ဂိတ်တဲရှေ့က လက်နက်ကိုင်ထားသည့် စကစ တစ်ကောင်၊ စုစုပေါင်း ခြောက်ကောင်အား ….. ပြောက်ကျားစစ်ဖြင့် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့သည်။ ထိုစစ်ဆင်ရေးတွင် စကစ ခြောက်ကောင် အတိအကျ သေဆုံးသွားကြောင်း သတင်းကောင်း ပေးလိုက်သည်” လို့ Chindwin Attack Force က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း ( ၂ ) တပ်ရင်း (၃) တပ်ရင်း (၄)၊ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ရင်း (၃) တပ်ရင်း (၄) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ရင်း (၃) တပ်ရင်း (၄) ၏ အထူးစုံစမ်း စစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force IO ) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

စက်တင်ဘာ(၂၉)ရက် မနေ့ည (၇)နာရီကလည်း မုံရွာမြို့ စီးပွားရေး တက္ကသိုလ်ထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People၊ ဗိုလ် ပေါက်ကြား၊ ဗိုလ်ဗျတ်ဝိ နှင့် Black Rose တို့က လက်လုပ် (၄၀မမ)တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက် သေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့လည်က စီးပွားရေးဘဏ်ရှေ့မှာ ဂိတ်ထိုးထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲတာ၊ ဖမ်းဆီးငွေညှစ်တာ၊ ပစ်ခတ် သတ်-ဖြတ်တာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #စီးပွားရေးဘဏ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ