MFP ၊ သြဂုတ် - ၂
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် နန်မြင့်ကျေးရွာက စစ်ကောင်စီ လက်အောက်ခံ ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်သိန်း ဆိုသူကို ဒီနေ့ ပစ်ခတ်ရှင်းလင်းခဲ့ပြီး ပွိုင့် (.၂၂) လက်လုပ် သေနတ်တစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ မြင်းခြံခရိုင် PDF တပ်ရင်း(၃) – Seven People Defense Force က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ ဩဂုတ်၊(၂)ရက်၊ မွန်းလွဲ(၂)နာရီမှာ တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာက စကစခန့် အုပ်ချုပ်ရေးမှူး ကျော်သိန်း ဆိုသူကို Seven People Defense Force၊ TTA-ပြောက်ကျားတပ်(တောင်သာ)၊ မြေလတ်PDF နှင့် Natogyi Regional Defence Force တို့ ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
“PDFများ၏ လှုပ်ရှားမှူ့များကို ထောက်လှမ်းခြင်း၊ ကျေးရွာနေ ပြည်သူလူထုအား သေနတ်ဖြင့် အနိုင်ကျင့် ဗိုလ်ကျခြင်း၊ မီတာခများ အတင်းအဓမ္မ ကောက်ခံခြင်းများ ပြုလုပ်နေခြင်းတို့ကို အကြိမ်ကြိမ် သတိပေး ခဲ့သော်ငြားလည်း လိုက်နာမှူ မရှိခြင်းတို့ကြောင့် အရေးယူခဲ့ရာ လက်လုပ် ပွိုင့်(.22) သေနတ်တစ်လက် သိမ်းဆည်း ရမိခဲ့ပါသည်။ တောင်သာမြို့နယ်အတွင်း စကစခန့် အုပ်ချုပ်ရေးမှူးများ နှင့် Non CDM ဝန်ထမ်းများ အမြန်ဆုံး နှုတ်ထွက် ကြရန် နောက်ဆုံးအနေနဲ့ ထပ်မံ သတိပေး အပ်ပါသည်” လို့ Seven People Defense Force က ဖော်ပြပါတယ်။
တောင်သာနှင့် နွားထိုးကြီး အပါအဝင် မြင်းခြံနယ်ထဲမှာ စစ်အုပ်စုနှင့် စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူတွေ ကြီးစိုး သောင်းကျန်းနေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ ငွေညှစ်တာ၊ လုယက်ဓားပြတိုက်တာ၊ စိတ်ထင်တိုင်း ပစ်ခတ် သတ်-ဖြတ် တာတွေ လုပ်ဆောင်နေသလို ဒေသကာကွယ်ရေး တပ်ဖွဲပတွေကလည်း စစ်အုပ်စုနှင့် ဆက်စပ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်သာ #နန်းမြင့်ရွာ #PDF