မြစ်သားမှာ ကျောင်းထိုင်ဆရာတော်တစ်ပါး အသ-တ်ခံရ၊ နိုင်ငံရေးကြောင့် မဟုတ်ဘဲ ဥပဒေ မစိုးမိုးမှုကြောင့် ဖြစ်နိုင်ပြီး မြစ်သားမှာ ယခုလအတွင်း ဒုတိယမြောက် လူသ-တ်မှု ဟုဆို၊

မြစ်သားမှာ ကျောင်းထိုင်ဆရာတော်တစ်ပါး အသ-တ်ခံရ၊ နိုင်ငံရေးကြောင့် မဟုတ်ဘဲ ဥပဒေ မစိုးမိုးမှုကြောင့် ဖြစ်နိုင်ပြီး မြစ်သားမှာ ယခုလအတွင်း ဒုတိယမြောက် လူသ-တ်မှု ဟုဆို၊

MFP ၊ စက်တင်ဘာ - ၁၃

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြိုနယ်၊ နှမ်းခင်းကျေးရွာအုပ်စု၊ မြိုတွင်းရွာက ကျောင်းထိုင်ဆရာတော် စက်တင်ဘာ(၁၂)ရက် ညပိုင်းက ကျောင်းတိုက်အတွင်း ဓားဒဏ်ရာတွေနဲ့ ပျံလွန်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ရွှေစေတီဘုရားကျောင်း ဆရာတော်လို့ လူသိများတဲ့ မြို့တွင်းရွာကျောင်း ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မ (သက်တော်(၅၄)နှစ်- ဝါတော်(၃၄)ဝါ) ဟာ ဓါးခုတ်ဒဏ်ရာတွေနဲ့ ဆရာတော်သီတင်းသုံးရာ ကျောင်းအတွင်း ပျံလွန်တော်မူခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်သည် နိုင်ငံရေးနှင့် ပတ်သက်မှု မရှိနိုင်ဘဲ ဥပဒေ မစိုးမိုးတဲ့အချိန် လူမှုရေးကိစ္မကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

"မနေ့ည ဘယ်ချိန်က ဖြစ်တယ်တော့ မသိဘူး။ မနက်(၅)နာရီ‌လောက်မှ သိကြတာ။ သိတော့ တောင့်တောင့်ကြီး ဖြစ်နေပြီ။ တချိုက ပြောကြသလို PDF က သတ်တယ် ပြောတာ မဟုတ်နိုင်ဘူး။ ဓါးနဲ့ ဂုတ်ကို ခုတ်သွားတာ။ ပြတ်လုနီးပါးပဲ။ ပုံစံကြည့်ရတာ လူမှုရေးကိစ္စတွေပဲ ဖြစ်ဖိုများပါတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောင်းထိုင်ဆရာတော် အသတ်ခံရတဲ့ ဖြစ်စဉ်ဟာ မြစ်သားနယ်ထဲ ယခုလအတွင်း လူမှုရေး ကိစ္စတွေကြောင့် ဖြစ်ပွားတဲ့ ဒုတိယမြောက် လူသတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြစ်သားမြို့ အရှေ့ဘက် မြောင်းတစ်ခုအတွင်း ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက်(၂၀)ကျော်အရွယ် လူငယ်တစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်သားမြိုပေါ် ရပ်ကွက်တွေနှင့် မြစ်သားနယ်ထဲက ရွာတွေမှာ နေ့၊ည ဖောက်ထွင်းမှုတွေ၊ ခိုးမှုတွေ၊ လုယက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြစ်သား #ဘုန်းကြီး #ဆရာတော်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ