ပုလဲမြို့ပေါ် ညပိုင်း ကင်းလှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ စကစ နှစ်ယောက် သေဟုဆို၊

ပုလဲမြို့ပေါ် ညပိုင်း ကင်းလှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ စကစ နှစ်ယောက် သေဟုဆို၊

MFP ၊ အောက်တိုဘာ - ၇

စစ်ကိုင်းတိုင်း ပုလဲမြို့၊ မြို့နယ်မီးသတ်ရုံးအနီး ကင်းလှည့်နေတဲ့ စစ်အုပ်စုကို မနေ့က ညပိုင်း မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက် သေပြီး သုံးယောက် ဒဏ်ရာရတယ်လို့ ယင်းမာပင်ခရိုင် အမှတ်(၁၀) တပ်ရင်း - ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၆)ရက် ည(၉)နာရီကျော်က ပုလဲမြို့ပေါ် လှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကင်းလှည့်နေသော စကစ ကျွန်သဘောက်များအား ပုလဲမြို့နယ် မီးသတ်ရုံရှေ့၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ နှစ်ဦးခန့် သေဆုံးနိုင်ပြီး သုံးဦးခန့် ဒဏ်ရာရရှိခဲ့ပါသည်” လို့ ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့၊ ယာယီ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော် -Escape က ဆိုပါတယ်။

ပုလဲမြိုကပေါ် စီးနင်း အထိုင်ချနေတဲ့ စစ်အုပ်စုဟာ နေ့၊ည အချိန်မရွေး ဒေသခံပြည်သူတွေကို ရန်ပြုတာ၊ ဖမ်းဆီးငွေညှစ်တာ၊ လုယက် ဓားပြတိုက်၊ သတ်-ဖြတ်တာတွေ ကျူးလွန်နေပြီး စစ်အုပ်စု ရန်ကြောင့် ပုလဲမြို့က ဒေသခံ အများစု မြို့ပေါ်မှာ မနေရဲကြဘဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲမြို့ #ဒေါင်းနက်နယ်စည်းမခြားတပ်ဖွဲ့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ