“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ” ယော လူထုသပိတ်၊

“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ” ယော လူထုသပိတ်၊

MFP ၊ စက်တင်ဘာ - ၅

Photo - The Youth Force – Saw & Kyaukhtu

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်းနှင့် ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို ကုလသမဂ္ဂ (UN)မှာ ဆက်လက် ထားရှိပေးဖို့ “Accept NUG and Our Ambassador, Reject dictator၊” ဆိုတဲ့ စာသားနှင့်အတူ ဒီနေ့ စက်တင်ဘာ(၅)ရက် မနက်ပိုင်းက မကွေးတိုင်း ဆောမြို့မှာ လူထုသပိတ် ချီတက် ဆန္ဒပြခဲ့ပါတယ်။

အဲ့ဒီ ဆန္ဒထုတ်ဖော်ပွဲမှာ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့က ရုပ်/သံက တဆင့် ယောလူထုကို မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ယောလူထု ဆန္ဒပြပွဲကို The Youth Force ( Saw-Kyaukhtu) က ဦးဆောင်ပြုလုပ်ခဲ့ပြီး ဆောမြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာ ကာကွယ်ရေး အဖွဲ့တွေက လုံခြုံရေး ရယူပေးခဲ့ကာ ဒေသခံပြည်သူ တစ်ထောင်ကျော် ပါဝင်ချီတက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ဆော #ယော #ကျောက်ထု #ပြည်သူ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ