ကချင်ပြည်နယ်၊ ဖားကန့်က ဂီတပွဲကို တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်မှု စစ်အုပ်စု အောင်ပွဲခံ၊ ဖားကန့် သာမက ဗန်းမော်နှင့် မိုးမောက်ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့၊

ကချင်ပြည်နယ်၊ ဖားကန့်က ဂီတပွဲကို တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်မှု စစ်အုပ်စု အောင်ပွဲခံ၊ ဖားကန့် သာမက ဗန်းမော်နှင့် မိုးမောက်ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့၊

MFP ၊ အောက်တိုဘာ -(၂၄)

ကချင် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ - KIO ဖွဲ့စည်းခြင်း နှစ်ပတ်လည် အထိမ်းအမှတ်နေ့အကြို ဂီတပွဲကို စစ်အုပ်စုက တိုက်လေယာဉ်သုံးစီးနဲ့ ဗုံးကြဲလို့ အနုပညာရှင်နှင့် ပြည်သူတွေ အပါအဝင် လူရာချီ ထိခိုက်သေဆုံးတဲ့အပေါ် စစ်အုပ်စုနှင့် စစ်လော်ဘီတွေက အကြီးအကျယ် အောင်ပွဲခံနေပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကံဆီး (Ginsi) ကျေးရွာအနီး KIA တပ်မဟာ(၉)နယ်မြေမှာ ကျင်းပနေတဲ့ ဂီတပွဲကို အောက်တိုဘာ(၂၃)ရက် မနေ့က ည(၈)နာရီကျော်အချိန်မှာ စစ်အုပ်စုက MIG - 29 အမျိုးအစား တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

KIA တွေကို မီးသွေးဖုတ်လိုက်တယ်လို့ စစ်လော်ဘီတွေက သုံးနှုန်းပြီး နောက်ထပ်လည်း အလားတူ ဗုံးကြဲ သတ်ဖြတ်တာတွေ ဆက်လုပ်ဦးမယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမော်၊ ဗန်းမောက်၊ ကသာ၊ ဟုမ္မလင်း ဒေသတွေအထိ ခရီးရှည်ထိုးဖောက်လာတဲ့ KIA တပ်မဟာ(၉)ကို လက်တုန့်ပြန်တဲ့ တိုက်ခိုကတာလို့လည်း စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ဖားကန့်ဒေသ၊ KIA တပ်မဟာ(၉) အနန်ပါဘက်မှာ ကျင်းပနေတဲ့ ဂီတပွဲကို (MIG-29) တိုက်လေယာဉ် သုံးစီးနဲ့ Night Flight Misson အဖြစ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အမျိုးအစား မသိရသေးတဲ့ Guided Missle တွေ အသုံးပြုခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

ဖားကန့်က ဂီတပွဲကို ဗုံးကြဲပြီး တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာပဲ ဗန်းမော်မြို့နယ် မြို့သစ်မြို့နှင့် မိုးမောက်ဖက်က KIA အထိုင်စခန်းကုန်းတွေကိုလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသ ဂီတပွဲနှင့် ဗန်းမော်နှင့် မိုးမောက်နယ်ထဲ လေကြောင်းက ဗုံးကျဲတိုက်ခိုက်ဖို့ မန္တလေးမြို့၊ တံတားဦး လေဆိပ်ကနေ တိုက်လေယာဉ်တွေ ပျံတက်သွားတာ ဖြစ်ပြီး မနေ့က ည(၈)နာရီ(၁၀)မိနစ်မှာ မန္တလေးကနေ သပိတ်ကျင်းကို ဖြတ်ကာ မြောက်ဘက်ကို ဦးတည်ပျံသန်းပြီး ကချင်ပြည်နယ်ထဲ ဗုံးကြဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

KIO/KIA အထိမ်းအမှတ်နေ့အတွက် အကြိုဂီတပွဲ ကျင်းပနေချိန် စစ်အုပ်စုက လေကြောင်းက ဗုံးကျဲတဲ့အတွက် အနုပညာရှင်၊ လုပ်ငန်းရှင်နှင့် ပြည်သူတွေ အပါအဝင် သေဆုံးထိခိုက်မှု အများအပြား ရှိပြီး အရေအတွက် အတိအကျ အတည်မပြုနိုင်သေးဘူးလို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောကြောင်း People's Spring က ဖော်ပြပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ(၉)နယ်မြေက ဂီတပွဲကို ဗုံးကြဲခဲတဲ့ MIG-29 အမျိုးအစား တိုက်လေယာဉ်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကချင် #ဖားကန့် #KIA #မန္တလေး #တံတားဦး #MIG29 #တိုက်လေယာဉ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ