စစ်ကိုင်းမှာ စစ်အုပ်စုနှင့် ပေါင်းပြီး သောင်းကျန်းနေတဲ့ ရပ်ကွက်အုပ်ကြီး ရှင်းလင်းခံရ၊

စစ်ကိုင်းမှာ စစ်အုပ်စုနှင့် ပေါင်းပြီး သောင်းကျန်းနေတဲ့ ရပ်ကွက်အုပ်ကြီး ရှင်းလင်းခံရ၊

MFP ၊ စက်တင်ဘာ - ၁

စစ်အုပ်စုနှင့် ပေါင်းပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် သောင်းကျန်းနေတဲ့ စစ်ကိုင်းမြို့ စီတီးရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဆိုသူ ဒီမနက်ပိုင်း လမ်းပေါ်မှာ ပစ်ခတ်ခံရကာ သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၁)ရက် မနက်(၆)နာရီခွဲက စစ်ကိုင်းမြို၊ စီးတီးရပ်ကွက်၊ ပုဂံလမ်းနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ဆိုသူ စစ်ကိုင်းမြို့၊ တင်းတိပ်လမ်းဆုံမှာ ပစ်ခတ်ခံရပြီး သေဆုံးတာလို့ ဆိုပါတယ်။

"ဦးကျော်နိုင်သည် ရပ်ရွာအတွင်း သာရေး နာရေး ပွဲများပြုလုပ်ရာ၌ ငွေကြေးတောင်းခံခြင်း၊ မြေကွက်များ ရောင်းရငွေမှ ရာခိုင်နှုန်း ဖြတ်တောက်ကောက်ခံခြင်း၊ စစ်တပ်အရာရှိများနှင့် ပူးပေါင်းကာ အမှုပွဲစား ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင် ပြည်သူလုထုအပေါ် အနိုင့်အထက်စီးနင်း ဆက်ဆံဗိုလ်ကျခြင်း၊ အာဏာရှင် ဆန့်ကျင်သူများ၏ သတင်းအချက်အလက်များကို ထောက်လှမ်းကာ စစ်တပ်အား ပေးပို့ခြင်း၊ ဓာတ်ပုံသတင်းထောက် ဖြစ်သူ ကိုအေးကျော် သေဆုံးသ-တ်-ဖြတ်မှုတွင် ပူးပေါင်းပါဝင်ခြင်းနှင့် ညဘက်များတွင် စစ်တပ်မှ အရာရှိကြီးများနှင့် ပေါင်းကာ KTVများ၌ အနိုင်ကျင့်ဗိုလ်ကျကာ မိန်းကလေးငယ်များနှင့် ပျော်ပါးနေခြင်း တို့ကြောင့် ၎င်းအား စကစ ထောက်တိုင် ဒ-လ-န်များ၏ သွားရာ လမ်းကြောင်းအတိုင်း သေမင်းတမန်သို့ ပို့လိုက်ခြင်းဖြစ်တယ်။ နောက်နောင် စစ်ကိုင်းမြို့နယ် အတွင်းရှိ ပျူများ၊ အုပ်ချုပ်ရေးမှူးများ အနေနှင့် စစ်တပ်၏ အာဏာရှင် အလိုကျအတိုင်း ဆက်လက် လုပ်ဆောင်ကြပါက လူယုတ်မာ ကျော်နိုင်၏ သွားရာ လမ်းအတိုင်း ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း အားလုံးကို သတိပေးလိုက်သည်" လို့ လင်းလက်ကြယ်အဖွဲ့ က သတိ‌ပေးပြောကြားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်ကိုင်းမြို့မှာ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သ-တ်-ဖြတ်နေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းမြို့နေ ဓာတ်ပုံဆရာ ကိုအေးကျော်ကို စစ်အုပ်စုက ညအချိန် နေအိမ်ထဲ စီးနင်းဝင်ရောက် ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက် သ-တ်-ဖြတ်ပြီးနောက် အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့ပါတယ်။

စစ်ကိုင်းမြို့ တပ်မ (၃၃)ထဲက စစ်အုပ်စုဟာ မြို့ခံ အုပ်ကြီးတွေ၊ ပျူတွေနှင့် ပေါင်းပြီး ဒေသခံပြည်သူတွေအပေါ် ဖမ်းဆီး ငွေညှစ်တာကို ထမင်းစားရေသောက်သဖွယ် လုပ်ဆောင်နေပြီး ငွေမပေးနိုင်သူတွေကို သ-တ်-ဖြတ် နေတယ်လို့ စစ်ကိုင်း ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စီတီးရပ်ကွက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ