မတ္တရာမှာ ခိုးရာပါပစ္စည်းသယ် စစ်ကားငါးစီးကို နှစ်ကြိမ် မိုင်းဆွဲရာ စကစ သုံးယောက်သေဟုဆို၊ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ မန္တလေး - မတ္တရာ လမ်းပေါ်က ရွှေကျင်တိုးဂိတ်ကို ပစ်ခတ်တိုက်ခိုက်၊

မတ္တရာမှာ ခိုးရာပါပစ္စည်းသယ် စစ်ကားငါးစီးကို နှစ်ကြိမ် မိုင်းဆွဲရာ စကစ သုံးယောက်သေဟုဆို၊ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ မန္တလေး - မတ္တရာ လမ်းပေါ်က ရွှေကျင်တိုးဂိတ်ကို ပစ်ခတ်တိုက်ခိုက်၊

MFP ၊ နိုဝင်ဘာ - ၁၄

မန္တလေးတိုင်း မတ္တရာနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ ဓားပြတိုက် လုယက် သောင်းကျန်းကာ ခိုးရာပါ ပစ္စည်းတွေ သယ်ထုတ်နေတဲ့ စစ်အုပ်စုရဲ့ ကားငါးစီးကို ယမန်နေ့က မတ္တရာနယ် ကြပ်ပြင်ရွာနှင့် မြောင်းဦးရွာကြား နှစ်ကြိမ်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေတယ်လို့ မတ္တရာ နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

မတ္တရာနယ် ကင်းရွာထဲ စီးနင်းအထိုင်ချနေတဲ့ စကစ အင်အား (၇၀)လောက် ကားငါးစီးနဲ့ ခိုးရာပါ ပစ္စည်းတွ သယ်ယူလာချိန် နိုဝင်ဘာ(၁၂)ရက် နေ့လည်(၁၂)နာရီက မိုင်းသုံးလုံးနဲ့ နှစ်ကြိမ်ဆက် ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

“စခ သုံးကောင် ငရဲပြည် ရောက်င်္သားပြီး ရှစ်ကောင် ဒဏ်ရာရကြောင်း မြေပြင်သတင်းများအရ သိရပါသည်။ စကစများက မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများအား နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး ကြက်၊ ဝက်၊ ဆိတ်များအား နေ့စဉ် အနိုင်ကျင့် သတ်ဖြတ် စားသောက်နေကြပါသည်” လို့ နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ မိုင်းဆွဲတိုက်ခိုက်မှုကို နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့၊ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မတ္တရာ)နှင့် မဟာမိတ် ရှစ်ဖွဲ့ ပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့က နိုဝင်ဘာ (၁၃) ရက်၊ ည (၇) နာရီမှာလည်း ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ မန္တလေး - မတ္တရာ ကားလမ်း၊ မန္တလေးမြို့အထွက် ရွှေကျင်တိုးဂိတ်ကို (၄၀မမ)နဲ့ နှစ်ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် ထိခိုက်သေဆုံးကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

“မန်း-မတ္တရာ လမ်းပေါ်ရှိ ရွှေကျင် စကစ ဂိတ်အား (၇၉) နှစ်လုံးဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။ ယင်းလှုပ်ရှားမှု အပြီး ဂိတ်မှာ တောင်းရမ်းနေသော စခ ၊ ရခ အကောင် (၃၀) ဝန်းကျင်အနက် သုံးကောင် ငရဲ လား၍ အများအပြား ထိခိုက် ဒဏ်ရာ ရသွားကြသည်ဟု သိရှိရပါသည်။ အနား ပတ်ဝန်းကျင်မှ ကင်းပုန်း ဝပ်နေသော စခ များမှ ကြောက်အားလန့်အား ဖြင့် ပတ်ဝန်းကျင်အား ရမ်းသမ်း ပစ်ခတ် နေသော်လည်း ပြည်သူ့ရဲဘော် အပေါင်းမှာ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွါ နိူင်ခဲ့ပါသည်” လို့ ပုသိမ်ကြီး ပကဖ က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ပုသိမ်ကြီး ပကဖ၊ G-6 Stars မြို့ပြပျောက်ကြားတပ်ဖွဲ့နှင့် BRA+MRTF မဟာမိတ် တပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ညီနောင်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေကျင်တိုဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက သောင်းကျန်းရမ်းကား ပစ်ခတ်နေသလို ဒီမနက်ပိုင်းမှာလည်း ဒေသခံပြည်သူတွေကို ရန်ပြု ဖမ်းဆီး ငွေညှစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေး - မတ္တရာ ကားလမ်း၊ မန္တလေးမြို့အထွက် ရွှေကျင်တိုးဂိတ် (ပုံဟောင်း)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မတ္တရာ #နတ်ဆိုး #ပုသိမ်ကြီး #ပကဖ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ