ဝမ်းတွင်းက စကစခန့် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်ကို WTRF က ရှင်းလင်း

ဝမ်းတွင်းက စကစခန့် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်ကို WTRF က ရှင်းလင်း

MFP ၊ အောက်တိုဘာ - ၁၇

မန္တလေးတိုင်း ဝမ်းတွင်းမြို့မှာ အကြမ်းဖက်စစ်တပ်က ခန့်အပ်ထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်မိုးဦးနဲ့ နောက်လိုက်တစ်ဦးကို ဒီနေ့မွန်းလွဲပိုင်းမှာ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) က ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

ကျော်မိုးဦးဟာ စစ်အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့ဘက်က အသွင်ပြောင်းကာ မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် လုပ်နေပြီး ပြည်သူတွေကို နှိပ်စက်တာ၊ အကြမ်းဖက်တာ၊ ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့အတွက် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ WTRF က ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေကို ဖမ်းဆီးသ-တ်ဖြ-တ်နေတဲ့ အကြမ်းဖက်စစ်သားတွေအပါအဝင် စကစထောက်တိုင် အုပ်ချုပ်ရေးအဖွဲ့တွေကို တော်လှန်ရေးအင်အားစုတွေက ရှင်းလင်းနေတာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးအဆင့်ရဲ့ တာဝန်အကြီးဆုံးယူထားသူကို ရှင်းလင်းနိုင်တာ ပထမဆုံး ဖြစ်ပါတယ်။

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုဟာ ဝမ်းတွင်းမြို့နယ်အတွင်းက ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စကစထောက်တိုင်တွေ၊ သတင်းပေးတွေ၊ ပျူစောထီးဆိုသူတွေကို လိုက်လံရှင်းလင်း သုတ်သင်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝမ်းတွင်း #မြို့နယ်အုပ်ချုပ်ရေးမှူး #ရှင်းလင်းခံရ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ