စစ်အုပ်စုက ဖမ်းဆီးထားတဲ့ ဒေါက်တာကျော်ကျော်သက်ကို ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်

စစ်အုပ်စုက ဖမ်းဆီးထားတဲ့ ဒေါက်တာကျော်ကျော်သက်ကို ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်

MFP ၊ ဩဂုတ် - ၃၁

မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါက်တာကျော်ကျောက်သက်ကို ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ (၉)ရက်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် (၃)နှစ် ချမှတ်ခဲ့ပြီး မနေ့က ဩဂုတ် (၃၀)ရက်မှာတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် (၇)နှစ် ချမှတ်လိုက်တာလို့ ဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ ကိုယ်တိုင်ကလည်း CDM ပြုလုပ်ထားတဲ့ ဒေါက်တာ ကျော်ကျော်သက်ဟာ မန္တလေးဆေးတက္ကသိုလ်သမိုင်းမှာ ထူးချွန်ကျောင်းသား၊ ထူးချွန်ဆရာဝန်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ CDM ပြုလုပ်ထားတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတွေကို ပညာရေးလစ်ဟင်းမှုမဖြစ်စေဖို့အတွက် အွန်လိုင်းကနေ သင်ကြားပေးတာ၊ ကိုဗစ်လူနာတွေကို အွန်လိုင်းကနေ ကုသပေးနေတာတွေကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၃) ရက်မှာ နေအိမ်မှာပဲ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့ပေါ်က ခွဲစိပ်အထူးကု ဆရာဝန် ဒေါက်တာသက်ဌေးကိုလည်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်မှာ ဆေးရုံတစ်ခုကအပြန် လမ်းမှာ စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးခဲ့ပြီး နောက်ဆက်တွဲသတင်းတွေကိုတော့ မသိရသေးပါဘူး။

ဒေါက်တာကျော်ကျော်သက်ရဲ့အကြောင်းကို MFP က ၂၀၂၁ ခုနှစ်မှာ သတင်းဆောင်းပါးအဖြစ် ရေးသားတင်ပြခဲ့ပြီး အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ကြပါတယ်။

( https://m.facebook.com/story.php?story_fbid=150151540671673&id=101398252213669 )

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒေါက်တာကျော်ကျော်သက် #ထူးချွန်ဆရာဝန် #ထောင်ဒဏ်ချမှတ်ခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ