ကျောက်ဆည်မှာ နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး ရွှေနဲ့ငွေတွေ ယူသွား၊ PDF တွေ လုပ်တာလို့ စစ်အုပ်စုက သတင်းမှားဖြန့်

ကျောက်ဆည်မှာ နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး ရွှေနဲ့ငွေတွေ ယူသွား၊ PDF တွေ လုပ်တာလို့ စစ်အုပ်စုက သတင်းမှားဖြန့်

MFP ၊ ဩဂုတ် - ၂၂

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ မနေ့က နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး ရွှေ (၁၀)သားနဲ့ ငွေ ဆယ်သိန်းခန့် ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဆည်နယ် ပနန်ကျေးရွာက ဦးအောင်ဆန်းရဲ့နေအိမ်ကို ဩဂုတ်လ (၂၁)ရက် မနက် (၂) နာရီအချိန်ခန့်မှာ ပစ္စတိုသေနတ်တစ်လက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ငါးယောက် ရောက်လာပြီး နေအိမ်မှာရှိတဲ့ မိသားစုဝင် (၈)ဦးကို ခြိမ်းခြောက်ကာ ရွှေနဲ့ ငွေတွေအပြင် ဖုန်း (၇)လုံးကိုပါ ယူဆောင်သွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီဖြစ်စဉ်ကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပေမယ့် စစ်အုပ်စုဘက်ကတော့ PDF တွေ လုပ်ဆောင်တယ်ဆိုပြီး သတင်းဖြန့်နေကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ် အပါအဝင် မန္တလေးတိုင်းထဲ ဓားပြမှု၊ လုယက်မှု၊ အနုကြမ်းစီးမှုတွေ ဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမြို့ပေါ်မှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု လို့ ယူဆရသူတွေက ကားဆိုင်ကယ်တွေကို စစ်ဆေးရင်း တန်ဖိုးကြီးပစ္စည်းတွေကို လက်နက်ပြ လုယက် ဓားပြတိုက်တာ၊ ဧည့်စာရင်းစစ်မယ်လို့ ဆိုကာ အိမ်ထဲ ဝင်ပြီး လက်နက်ပြ ဓားပြတိုက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျောက်ဆည် #ဓားပြတိုက်ခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ