MFP ၊ အောက်တိုဘာ - ၇
မန္တလေးတိုင်း မတ္တရာမြို့နယ် ကွေ့တောကျေးရွာနေ စစ်ကောင်စီ သစ္စာခံ ရဲတပ်သား စိုးကို ဆိုသူကို ဒီနေ့ ညဦးပိုင်းမှာ ဘီယာဆိုင်က ပြန်လာတာကို တွေ့ရှိရတဲ့အတွက် သုတ်သင် ရှင်းလင်းခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ(၇)ရက် ည(၇)နာရီကျော်က မတ္တရာမြို့နယ်ကနေ ကွေ့တောရွာဘက်အပြန်မှာ ရှင်းလင်း ခဲ့တာလို့ ဆိုပါတယ်။
“ကွေ့တော ကျေးရွာမှ ရဲတပ်သား စိုးကို အား ရှင်းလင်းနိုင်ခဲ့။ မတ္တရာမြို့နယ်မှာ ဆက်ကြေးကောက်၊ သွေးသာက်အဖွဲ့ ဖွဲ့စည်၊း NLD ပါတီဝင်တွေကို သတ်၊ တော်လှန်ရေးသမား အိမ်များကို ဦးဆောင် မီးရှို့သူပါ။ စခန်းကအပြန် ဘီယာဆိုင်ထိုင်ပြီး သူ့ရွာ ကွေ့တောကို ပြန်ချိန်မှာ ရှင်းလင်းခဲ့တာပါ” လို့ မတ္တရာဒေသ တော်လှန်ရေး အင်အားစုက ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ ရဲတပ်သား စိုးကိုဟာ မတ္တရာမြို့နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက် မီးရှို့ သောင်းကျန်းရာမှာ ဦးဆောင်ပါဝင်သူ ဖြစ်သလို ဒေသခံပြည်သူတွေကို မိုက်ကြေးခွဲ ဆက်ကြေးကောက်တာ၊ သွေးသောက်အဖွဲ့၊ ပျူအဖွဲ့တွေမှာ ပါဝင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ယခုရက်ပိုင်း စစ်အုပ်စုက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း အကြမ်းဖက်နေလို့ ဒေသခံ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ရဲ #ကွေ့တောရွ
မတ္တရာနယ်က စကစ ရဲတစ်ယောက်ကို သုတ်သင် ရှင်းလင်း၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024