မန္တလေးမှာ သူနာပြုတစ်ဦး ကြိုးဆွဲချသေဆုံးပြီး အလောင်း စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ဟု စစ်အုပ်စု သတင်းဖြန့်၊

မန္တလေးမှာ သူနာပြုတစ်ဦး ကြိုးဆွဲချသေဆုံးပြီး အလောင်း စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ဟု စစ်အုပ်စု သတင်းဖြန့်၊

MFP ၊ စက်တင်ဘာ - ၁၃

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ကန်ကောက်(အရှေ့)ရပ်နေ သူနာပြုအမျိုးသမီးတစ်ဦး စက်တင်ဘာ(၁၁) ရက်က ကြိုးဆွဲချ သေဆုံးခဲ့ပြီး အလောင်းကို ဆေးရုံကြီးပို့ပြီး စစ်ဆေးရာမှာ ကိုဗစ်ပိုး တွေ့ရတယ်လို့ စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။

သေဆုံးသူဟာ အသက်(၂၅)နှစ်အရွယ် သူနာပြု အမျိုးသမီးတစ်ဦး ဖြစ်ပြီး ပုဂ္ဂိုလ်ရေးကိစ္စနဲ့ ကြိုးဆွဲချ သေဆုံးတာ ဖြစ်နိုင်ကြောင်းနှင့် အလောင်းကို ဆေးရုံကြီးမှာ စစ်ဆေးရာ ကိုဗစ် ရောဂါပိုး တွေ့ခဲ့ရတာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

စက်တင်ဘာ(၁၀)ရက်ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ လမ်း(၆၀)နှင့် (၁၀၅)လမ်းထောင့်က သူနာပြုသင်တန်းကျောင်းမှာ စစ်အုပ်စု လက်အောက်ခံ သူနာပြုသင်တန်း တက်နေသူ အမျိုးသမီး (၁၀၀)ကျော်ကို စစ်ဆေးရာမှာ (၁၈)ဦး ကိုဗစ်ပိုးတွေ့တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ (၉)ရက်ကလည်း မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ အမျိုးသားတစ်ဦး ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့သလို လတ်တလောမှာ မန္တလေးမြို့ပေါ် ကိုဗစ် ကူးစက်မှု ပြန်လည်မြင့်တက်လာလို့ ဆေးရုံတက်ရသူတွေ များလာတယ်လို့ စစ်လော်ဘီတွေ၊ စစ်အုပ်စုနှင့် နီးစပ်တဲ့ မန္တလေးမြို့ခံ ပရဟိတ အသင်းတွေက ဆိုပါတယ်။

ကိုဗစ် ကူးစက်ပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ် ကာကွယ်နိုင်တာ မရှိခဲ့တဲ့ အာဏာသိမ်း စစ်အုပ်စုက ကိုဗစ်အကြောင်းပြပြီး ပြည်သူတွေကို တကျော့ပြန် ခြိမ်းခြောက်ဖို့၊ ထိန်းချုပ်ဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ မန္တလေးမြို့ခံ တချို့ကတော့ သုံးသပ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ မန္တလေးမှာ သူနာပြု သင်တန်းတက်နေသူတွေ/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုသိမ်ကြီး #ကိုဗစ် #ကန်ကောက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ