စစ်အုပ်စုက ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်းမှာ ပြည်သူတစ်ရာကျော်ကို သ-တ်ဖြ-တ်

စစ်အုပ်စုက ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်းမှာ ပြည်သူတစ်ရာကျော်ကို သ-တ်ဖြ-တ်

MFP ၊ ဩဂုတ် - ၂၉

စစ်အုပ်စုဟာ ဩဂုတ်လ (၁) ရက်နေ့ကနေ ဩဂုတ်လ (၂၉) ရက်အထိ စစ်ကိုင်းတိုင်းထဲမှာအရပ်သားပြည်သူ တစ်ရာကျော်ကို သ-တ်ဖြ-တ်ခဲ့တယ်လို့ MFP က ပြုစုထားတဲ့စာရင်းတွေအရသိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ အရပ်သားပြည်သူ အမျိုးသား (၆၁) ယောက်၊ အမျိုးသမီး (၁၂) ယောက် နဲ့ ကျား/မအတည်မပြုနိုင်သေးတဲ့သူ (၂၅) ယောက်တို့ ဖြစ်ပါတယ်။ စစ်အုပ်စု အသ-တ်ခံရသူတွေထဲမှာ ကိုယ်ဝန်ကိုးလဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော် ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၂၀,၀၀၀) ကျော် အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မီးရှို့ဖျက်ဆီး #နေအိမ်မီးရှို့ #ပြည်သူ 

 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ