မြိုင်မြို့နယ် ပြည်သူ့အခြေပြုကျောင်း ကျောင်းဆင်းပွဲ ကျင်းပ၊ ကိုယ်ထူကိုယ်ထ ကိုယ်တိုင်စိုက်ပျိုးတဲ့ အသီးအပွင့် ခံစားကြရပြီလို့ မြိုင် ပညာရေးဘုတ်အဖွဲ့ ဖော်ပြ၊

မြိုင်မြို့နယ် ပြည်သူ့အခြေပြုကျောင်း ကျောင်းဆင်းပွဲ ကျင်းပ၊ ကိုယ်ထူကိုယ်ထ ကိုယ်တိုင်စိုက်ပျိုးတဲ့ အသီးအပွင့် ခံစားကြရပြီလို့ မြိုင် ပညာရေးဘုတ်အဖွဲ့ ဖော်ပြ၊

MFP ၊ အောက်တိုဘာ - ၁၂

မကွေးတိုင်း မြိုင်မြို့နယ်၊ ကျေးရွာတစ်ရွာမှာ ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့အခြေပြုကျောင်း ကျောင်းဆင်းပွဲ အခမ်းအနားကို မနေ့က အောက်တိုဘာ(၁၁)ရက်မှာ ကျင်းပခဲ့တယ်လို့ မြိုင်မြို့နယ် ပညာရေး ဘုတ်အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

"ဒါရောဆို ရှစ်ကျောင်းရှိပါပြီ။ ကိုယ်ထူကိုယ်ထ ကိုယ်တိုင် စိုက်ပျိုးသော အသီးအပွင့်၊ ကိုယ်တိုင် ခံစားစံစားကြရပါပြီ" လို့ မြိုင်မြို့နယ် ပညာရေး ဘုတ်အဖွဲ့က ဖော်ပြပါတယ်။

မြိုင်မြို့နယ်အတွင်း ပြည်သူ့အခြေပြုကျောင်းတွေ ရာနှုန်းပြည့် ဖွင့်လှစ်နိုင်ဖို့ ဒီနေ့ စည်းရုံးရေး အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့လည်း မြိုင် ပညာရေး ဘုတ်အဖွဲ့က ဆိုပါတယ်။

စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီး သတ်-ဖြတ် အကြမ်းဖက် ဖိနှိပ်နေတဲ့ကြားက မြိုင်မြို့နယ် အပါအဝင် မကွေးနှင့် စစ်ကိုင်းတိုင်းက ကျေးရွာတွေမှာ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ကိုယ်ထူကိုယ်ထ ကျောင်းတွေ ဖွင့်လှစ် သင်ကြားနေကြတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #ပညာရေး #ကိုယ်ထူကိုယ်ထကျောင်း #ကျောင်းဆင်းပွဲ #ကျောင်းသားကျောင်းသူ #မြိုင်ပညာရေးဘုတ်အဖွဲ့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ