ဒီပဲယင်းနယ်ထဲ စစ်အုပ်စု ဆက်မွှေ သောင်းကျန်းနေလို့ ရွာငါးရွာက ပြည်သူတွေ ထွက်ပြေးနေရ၊

ဒီပဲယင်းနယ်ထဲ စစ်အုပ်စု ဆက်မွှေ သောင်းကျန်းနေလို့ ရွာငါးရွာက ပြည်သူတွေ ထွက်ပြေးနေရ၊

MFP ၊ သြဂုတ် - ၁၃

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်ထဲ စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဆက်လက်ပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်း နေတာကြောင့် ကျေးရွာ ငါးရွာထက်မနည်းက ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေး နေရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က သတင်း ထုတ်ပြန်ပါတယ်။…

ဒီနေ့ သြဂုတ်(၁၃)ရက်မှာ စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်တွေနှင့် ပစ်ခတ်ကာ စီးနင်းဝင်မွှေ သောင်းကျန်း နေတာကြောင့် ဒီပဲယင်းမြို့နယ် ရွှေတိုက်ရွာ၊ ဟင်္သာ၊ အုပ်ရှင်းကြီး၊ ဖုတ္ထန်းတော၊ မိချောင်းအိုင်ရွာနှင့် မူးသစ်ရွာ စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

May be an image of 2 people and outdoors

ဒီနေ့ သြဂုတ်(၁၃)ရက်မှာ ဒီပဲယင်းနယ်က ဖုတ္ထန်းတော၊ မိချောင်းအိုင် စတဲ့ ရွာတွေဘက် ဝင်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက မူးကမ်းကြီးနှင့် ကိုင်းကံရွာတွေထဲ ဝင်မွှေလုယက် မီးရှို့ သောင်းကျန်းကာ ပြည်သူတွေကို သ-တ်-ဖြတ်ခဲ့တဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

May be an image of 3 people, motorcycle, tree, road and grass

“လက်လှုပ်ရွာ၊ မူးသစ်ရွာဘက် ဝင်ရောက်နေသော အကြမ်းဖက် စစ်ကြောင်းသည် မိချောင်းအိုင်၊ ဖုတ္ထန်းတော ကျေးရွာအနီးမှ ဖြတ်၍ ယခုအခါ ဖုတ္ထန်းတောရွာ တောင်ဘက်ကပ်လျက်ရှိသော လက်ခုပ်ပင် မြောက်အင်းကျောင်း (ဘုန်းကြီးကျောင်း)သို့ ရောက်ရှိလာပြီး လက်နက်ကြီး လက်နတ်ငယ်များဖြင့် အနီးတဝိုက် လှည့်ပတ် ပစ်ခတ်နေကြောင်း မြေပြင်သတင်းအရ သိရှိရသည်။ အနီးရှိ ရွှေတိုက်ရွာ၊ ဟင်္သာ၊ အုပ်ရှင်းကြီး၊ ဖုတ္ထန်းတော၊ မိချောင်းအိုင် အစရှိသည့် ကျေးရွာမှ ပြည်သူများ အမြန်ထွက်ပြေး တိမ်းရှောင်နေကြရသည်” လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဖော်ပြပါတယ်။

May be an image of 5 people, people standing, tree and road

စစ်အုပ်စုက ရွာစဉ်ပတ်မွှေ သောင်းကျန်းရာမှာ တွေ့သမျှ ဒေသခံပြည်သူကို ဖမ်းဆီးပြီး တချို့ကို သ-တ်-ဖြတ်၊ တချို့ကို စစ်ဝတ်စုံ ဝတ်ခိုင်းပြီး ခိုးရာပါ ပစ္စည်းတွေ ထမ်းပိုးခိုင်းကာ ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချတာကြောင့် စစ်အုပ်စု ဝင်မွှေတဲ့ ရွာတွေက ကလေး၊ လူကြီး၊ ဘုန်းကြီးပါမကျန် ရှိသမျှလူကုန် ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

May be an image of 7 people and road

ဒီပဲယင်းနယ်တကြော ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်(၁၇)ရက် စတင်ကာ ခင်ဦး၊ ရေဦး၊ ကန့်ဘလူနယ်နှင့် ဒီပဲယင်းနယ် အနောက်ခြမ်း၊ အရှေ့ခြမ်း စတဲ့ ရွာတွေထဲ ရဟတ်ယာဉ်တွေနဲ့ရော မြေပြင်ကပါ ထင်တိုင်းကျဲ ဝင်မွှေလုယက် သောင်းကျန်း သ-တ်-ဖြတ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီ စစ်အုပ်စုဟာ ကန့်ဘလူနယ် ကျီစုရွာ၊ ရေဦးနယ် တင်းတိမ်ရံရွာ၊ ဒီပဲယင်းနယ် ကိုင်းကံနှင့် မူးကမ်းကြီး ရွာတွေ အပါအဝင် ဒေသတွင်းက စည်ပင်ဖွံဖြိုးတဲ့ ရွာကြီးတွေကို ဝင်မွှေ လုယက် သောင်းကျန်းပြီး ဆယ်ချီတဲ့ ဒေသခံပြည်သူတွေကို သ-တ်-ဖြတ် ခဲ့ပါတယ်။

May be an image of 8 people, motorcycle and outdoors

ဒီပဲယင်းနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ သောင်းကျန်းနေလို့ ထွက်ပြေးနေရတဲ့ ဒေသခံ စစ်ပြေး ပြည်သူတွေဟာ လမ်းဘေးဝဲယာ သစ်ပင်ရိပ်တွေ၊ လယ်ကန်သင်းတွေ၊ ဘုရားနှင့် ဘုန်းကြီးကျောင်းဘေးတွေ စတဲ့ နေရာတွေမှာ ခိုလှုံနေထိုင်ရပြီး စားသောက်ရေးအတွက်လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ပြေးပြည်သူတွေကို ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမားတွေ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း သ-တ်-ဖြတ်နေလို့ ထွက်ပြေးနေရတဲ့ ဒီပဲယင်းမြို့နယ်က ဒေသခံပြည်သူတချို့/Photo – ဒီပဲယင်းမြို့နယ် ပအဖ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #စစ်ပြေး #ပြည်သူ #အိမ် #မီးရှို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ