မုံရွာ - အရာတော်လမ်းမှာ စစ်ဝတ်စုံကို မီးရှို့ပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဆန္ဒပြ၊

မုံရွာ - အရာတော်လမ်းမှာ စစ်ဝတ်စုံကို မီးရှို့ပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဆန္ဒပြ၊

MFP ၊ သြဂုတ် - ၂၂

Photo - အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီ

မုံရွာ - အရာတော် ကားလမ်းပေါ်မှာ တိုက်ပုံအင်္ကျီဝတ်ဆင်ထားတဲ့ လူငယ်တွေက စစ်ဝတ်စုံကို မီးရှို့ကာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဒီနေ့ မနက်ပိုင်း ချီတက် ဆန္ဒပြခဲ့ပါတယ်။

"စစ်ကျွန်လက်အောက် ဘယ်တော့မှ ဒူးမထောက်မဲ့ ကောင်တွေ” ဆိုတဲ့ စာသားနှင့်အတူ ဆန္ဒပြခဲ့တာ ဖြစ်ပြီး အဲ့ဒီ သပိတ်ကို အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီ က ဦးဆောင်ခဲ့တာလို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #အရာတော် #လူငယ် #သပိတ် #PeopleStrike

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ