အရာတော် ကုန်းသာရွာမှာ ဖက်ဆစ်တပ်က ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်သ-တ်၊ ဓားစာခံ ဖမ်းထားသူတွေကို ထမင်း၊ဟင်း ချက်ခိုင်းပြီး ဖက်ဆစ်တပ်က အိမ်တွေ ဖောက်ထွင်းခိုးယူနေ၊

အရာတော် ကုန်းသာရွာမှာ ဖက်ဆစ်တပ်က ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်သ-တ်၊ ဓားစာခံ ဖမ်းထားသူတွေကို ထမင်း၊ဟင်း ချက်ခိုင်းပြီး ဖက်ဆစ်တပ်က အိမ်တွေ ဖောက်ထွင်းခိုးယူနေ၊

MFP ၊ သြဂုတ် - ၂၄

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ဟာ ကုန်းသာကျေးရွာကို စီးနင်းဝင်မွှေနေပြီး ဒေသခံပြည်သူတစ်ဦးကို သ-တ်-ဖြတ်ကာ တစ်အိမ်တက်ဆင်း ဖောက်ထွင်းခိုးယူ လုယက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သြဂုတ်(၂၃)ရက် မနက်ပိုင်းမှာ အရာတော်နယ် နောင်ကြီးအိုင်ရွာက ထွက်လာတဲ့ ဖက်ဆစ်တပ်သား အင်အား(၁၀၀)ခန့်ဟာ ကုန်းသာရွာထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စီးနင်းဝင်မွှေ သောင်းကျန်း နေတာလို့ ဆိုပါတယ်။

May be an image of 9 people, people sitting, tree and outdoors

ဖက်ဆစ်တပ်ဟာ ကုန်းသာကျေးရွာက အသက်(၄၀)ကျော်အရွယ် ဦးဆိတ်ပိုကို ပစ်ခတ် သ-တ်-ဖြတ်ပြီးနောက် ဒေသခံတချို့ကို ဖမ်းဆီးထားကာ ထမင်းဟင်း ချက်ပြုတ်ခိုင်းပြီး သောက်စားနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

"လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်လာတာ။ ရွားထဲက လူတွေလည်း အကုန် ပြေးကြရတယ်။ တချို့ ပေါ့ပြီး မပြေးတဲ့သူတွေလည်း ရှိတယ်။ အဲ့မှာ သူက (သေဆုံးသူ) ပြေးပြီးသားကို အိမ်မှာ ဘာကျန်ခဲ့လို့ ဆိုလား မသိဘူး သူ့အမေကို ပြန်ခေါ်တာလို့လည်း ပြောကြတယ်။ ပြန်ရင်း ခွေတွေနဲ့ တိုးတာ။ အဲ့မှာ ဆိုင်ကယ်နဲ့ ပြေးမယ်လုပ်တဲ့အချိန် ပစ်သတ်သွားတာ။ ခွေးတွေက မတော်တဆ မှန်တာပါလို့ ရွာဘုန်းကြီးကို ပြောတာတဲ့။ ဘယ်ဟုတ်မှာလဲ ဆိုင်ကယ်မှာလည်း ကျည်ရာတွေ့နဲ့။ ဒီကောင်တွေ မမှန် မှန်အောင် ပစ်သတ်ထားတာ" လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဖက်ဆစ်တပ်က ပစ်သ-တ်လို့ သေဆုံးသူ ဦးဆိတ်ပိုမှာ ဇနီးနှင့် သားသမီး နှစ်ဦး ကျန်ရစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖက်ဆစ်တပ်က ကုန်းသာရွာ ဒေသခံတချို့ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ထမင်းဟင်း ချက်ပြုတ်ခိုင်းကာ ဖက်ဆစ်တပ်သားတွေက တစ်အိမ်တက်ဆင်း ဖောက်ထွင်းခိုးယူနေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အရာတော်မြို့ အခြေစိုက် အမှတ်(၅၀၀၄) တင့်ကားတပ် (အရပ်အခေါ် - အနောက်တပ်)နှင့် အရာတော် အမှတ်(၁၀) လေ့ကျင့်ရေးတပ် (အရပ်ခေါ် အရှေ့တပ်) ထဲက ဖက်ဆစ်တပ်သား အင်အား (၄၀)ခန့်ဟာလည်း မနေ့က နေ့လည်ပိုင်းမှာ အရာတော်နယ် ကျွဲခြံကျေးရွာထဲ စီးနင်းဝင်မွှေ လုယက် သောင်းကျန်းနေပြီး နေအိမ်တွေကို မီးရှိုကဖျက်ဆီးရာ အိမ်ခြေ ငါးလုံး မီးလောင် ပြာကျခဲ့တယ်လို့ အရာတော်နယ်က မြေပြင်သတင်းတွေ တင်ဆက်နေတဲ့ အရာတော်ပို့စ်က ဖော်ပြပါတယ်။

“ဒီတခါ ခွေးတွေ ဝင်လာတာ အရင်ကထက် ပိုပြီး သောင်းကျန်းတယ်။ အရင်ဆုံး ဒရုန်းနဲ့ ဝဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပြီးမှ ဝင်တာ။ ပြီးရင် အိမ်တိုင်းစေ့ တောတဲတွေပါမကျန် ရှာဖွေလုယက်တယ်။ ဘာမှ မတွေ့ရင်တောင် ချက်ပြုတ်စားသောက်ပြီးမှ ခွေးတွေက ပြန်ထွက်တာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

အရာတော်နယ်ထဲ ဖက်ဆစ်တပ် သောင်းကျန်းနေလို့ ဒေသခံပြည်သူတွေ ကျီးလန့်စာစား ဖြစ်နေ ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။စစ

"ဟိုဘက်က လာတယ်ဆိုရင် ဒီဘက်ပြေး။ ဒီဘက်က လာတယ်ဆိုရင် ဟိုဘက်ပြေးပါ့။ အထုပ်လေး ဘေးချထားပြီး အိပ်ရတာ။ မိုးလင်းအောင်တောင် မအိပ်ရဲဘူး" လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဖက်ဆစ်တပ်ဟာ အရာတော် အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် အများအပြားကို ဖုန်းနှင့် အင်တာနက်တွေ ဖြတ်တောက်ထားပြီး ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း ဓားပြတိုက်ကာ ဒေသခံ ပြည်သူတွေကို ဖမ်းဆီး သ-တ်-ဖြတ် နေတာ ဖြစ်ပါတယ်။

ဖက်ဆစ်တပ် သောင်းကျန်းနေလို့ ထွက်ပြေးနေရတဲ့ အရာတော်နယ်က ဒေသခံပြည်သူတွေ/Photo - ဒီပဲယင်း ပအဖ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #အရာတော် #ကုန်းသာ #ပြည်သူ #ရွာ #အိမ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ