MFP ၊ စက်တင်ဘာ - ၂၈
(၈၀မမ) စိန်ပြောင်း လက်နက်ကြီးတွေ အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ဖြစ်သလို သုံးလကျော်ကြာ အချိန်ယူ ပြင်ဆင်ခဲ့ပြီးနောက် လက်နက်ကြီးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်နိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းခရိုင် တပ်ရင်း (၃)က သတင်း ထုတ်ပြန်ပါတယ်။
လက်နက်ကြီး တပ်ဖွဲ့ ဖွဲ့စည်းကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း(၃)ရဲ့ မနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရဲဘော်တချို့ လက်နက်ကြီး စိန်ပြောင်းတွေ ပစ်ခတ်နေတဲ့ပုံတွေလည်း ဖော်ပြထားပါတယ်။
“စစ်ကိုင်းခရိုင် တပ်ရင်း(၃)သည် လက်နက်ကြီးတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် သုံးလကျော်ခန့် အချိန်ယူ၍ စမ်းသပ် လေ့ကျင်မှုများ ပြုလုပ်ပြီးနောက် (၈၀မမ) စိန်ပြောင်း အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး လက်နက်ကြီး တပ်ဖွဲ့ အဆင့် ဖွဲ့စည်းနိုင်ခဲ့သည်” လို့ ဖော်ပြပါတယ်။
လက်ရှိမှာ စစ်ကိုင်းခရိုင် တပ်ရင်း(၃)အနေနဲ့ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မဟာမိတ်တွေနှင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းခရိုင် တပ်ရင်း(၃) လက်နက်ကြီးတပ်ဖွဲ့ လေ့ကျင့်နေစဉ်/Photo - စစ်ကိုင်းခရိုင် တပ်ရင်း(၃)
#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #PDF #စစ်ကိုင်းခရိုင်တပ်ရင်း_၃ #လက်နက်ကြီး #၈၀မမစိန်ပြောင်း