MFP၊ အောက်တိုဘာ - ၁
မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ဆောမြိုနယ်မှာ စစ်ရေးနယ်မြေ ချဲ့ထွင်နေပြီး စစ်အုပ်စုရဲ့ စိုးမိုးနယ်မြေတစ်ခု ဖြစ်တဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံ - ကပစ (၂၅)အနီး အထိ စီးနင်းဝင်ရောက်ကာ စစ်အုပ်စုကို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် (၆) လောင်းရှည် - LSRPDF က MFP ကို ပြောပါတယ်။
အဲဒီလှုပ်ရှားမှုတွေထဲက ပွဲဦးထွက် စစ်ဆင်ရေးအနေနဲ့ မနေ့ စက်တင်ဘာ (၃၀)ရက် မနက်(၁၀)နာရီခွဲမှာ ဆောနယ် စေတုတ္တရာ - လောင်းရှည်လမ်းအတိုင်း လာတဲ့ စစ်အုပ်စုရဲ့ စစ်ကားအကြီးတစ်စီးနှင့် ဆိုင်ကယ်ခုနစ်စီးပါ ယာဉ်တန်းကို တပ်ရင်း(၆)၊ တပ်ခွဲ (၃)မှ ဗိုလ်ငှက်ခါး ဦးဆောင်တဲ့ အဖွဲက မိုင်းရှစ်လုံးနဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စကစ နှစ်ယောက် သေတတယ်လို ဆိုပါတယ်။
"သူတိုက တစ်ပတ်ကို တစ်ကြိမ်၊ တခါတလေ နှစ်ပတ်တစ်ကြိမ် တပ်ချိန်းလေ့ရှိတာကို ကျနော်တို သိထားတယ်။ အဲဒါကြောင့် သူတို့ စိုးမိုးနယ်မြေထဲအထိ စစ်ဆင် ရေးဝင်လုပ်တဲ့ အနေနဲ့ တိုက်ခိုက်ဖို အသင့်ပြင်ထားခဲ့တာ။ မနေ့က အဲလောက် မြန်မြန် ရောက်လာမယ် မထင်ဘူး။ လာတဲ့အချိန်မှာ အသင့်စောင့်ပြီး ဖောက်ခွဲခဲ့တာ"လို လောင်းရှည် LSR PDF တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ဆောနယ် ကပစ (၂၅)ဘက်ကနေ အင်အား (၂၀)ခန့်ပါ စစ်ကားအကြီး တစ်စီးကို ဆိုင်ကယ်ခုနစ်စီး အင်းအား (၁၄)ယောက် ခြံရံပြီး တပ်ပြောင်းရွှေ့ဖို့ လာရောက်ချိန် လက်လုပ်မိုင်း ရှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ စကစ အနည်းဆုံး နှစ်ယောက်သေပြီး ဒဏ်ရာရသူတွေလည်း အများအပြား ရှိတယ်လို အဲဒီရဲဘော်က ဆက်ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ရမ်းကား ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ရဲဘော်တွေ အထိအခိုက် မရှိဘဲ ပစ်ဆုတ် ဆုတ်နိုင်ခဲ့တယ်လို တပ်ရင်း (၆) - LSRPDF က ဆိုပါတယ်။
အထိနာသွားတဲ့ စစ်အုပ်စုဟာ ရှေ့ဆက်မသွားတော့ဘဲ ဆောနယ် ကပစ (၂၅)ထဲ နောက်ကြောင်း ပြန်ဆုတ်သွားတယ်လို တပ်ရင်း (၆)က ပြောပါတယ်။
ဂန့်ဂေါခရိုင် တပ်ရင်း(၆)က တော်လှန်ရေး ရဲဘော်တချို့ /Photo - ပေးပို့
#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ဂန့်ဂေါ #ဆော #LSRPDF #လောင်းရှည်
ဆောနယ်မှာ စစ်ရေးချဲ့ထွင်နေပြီး စစ်အုပ်စု စိုးမိုးနယ်မြေထဲအထိ ဝင်ရောက် တိုက်ခိုက်နေဟု ဂန့်ဂေါခရိုင် တပ်ရင်း (၆)ပြော၊ ပွဲဦးထွက် စစ်ဆင်ရေးအဖြစ် စစ်ယာဉ်တန်းကို မိုင်းရှင်းလုံးနဲ့ တိုက်ခိုက်ရာ စကစ နှစ်ယောက်သေ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024