အရာတော်က အိမ်ခြေ(၁၀၀၀)ရှိတဲ့ မင်းရွာကို စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့၊ အိမ်ခြေရာချီ မီးလောင်ပြာကျပြီး အသက်(၈၀)ကျော် အဖွားတစ်ဦးကိုလည်း စစ်အုပ်စုက မီးရှို့သ-တ်၊

အရာတော်က အိမ်ခြေ(၁၀၀၀)ရှိတဲ့ မင်းရွာကို စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့၊ အိမ်ခြေရာချီ မီးလောင်ပြာကျပြီး အသက်(၈၀)ကျော် အဖွားတစ်ဦးကိုလည်း စစ်အုပ်စုက မီးရှို့သ-တ်၊

MFP ၊ သြဂုတ် - ၆

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် တောင်ပိုင်းက အိမ်ခြေ(၁၀၀၀)နီးပါးရှိတဲ့ မင်းရွာကျေးရွာကို စစ်ကောင်စီ အကြမ်းဖက်သမားတွေ သြဂုတ်(၄)ရက်ကတည်းက ဝင်မွှေလုယက် ဓားပြတိုက်ခဲ့ပြီး မနေ့က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ကာ ဒီနေ့ မနက်ပိုင်းမှာတော့ ရွာလုံးကျွတ် မီးတင်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ သြဂုတ်(၆)ရက် မနက်(၆)နာရီကျော်က စတင်ပြီး မင်းရွာကြီးထဲ စီးနင်းသောင်းကျန်းနေတဲ့ စစ်အုပ်စုက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ဖြစ်ပြီး အိမ်ခြေ ရာချီကာ မီးလောင်ပြာကျသလို အသက်(၈၀)ကျော်အရွယ် အဖွား တစ်ဦးကိုလည်း စစ်အုပ်စုက မီးရှို့ သ-တ်-ဖြတ်သွားတယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်စစ်‌ကောင်စီက‌ ယမန်နေ့က လေကြောင်းမှ ပစ်ခတ်ခဲ့ပြီးနောက် ယနေ့မနက်ခင်းတွင် ဝင်ရောက်မီးရှို့ လိုက်သော မင်းရွာ ဒေသသည် ယခုအခါ တစ်ရွာလုံးနီးပါး အလုံးစုံ လောင်ကျွမ်းပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ ဒေသခံအရပ်သားများထဲမှ အသက် (၈၀) ကျော်အရွယ် သက်ကြီးအမျိုးသမီးတစ်ဦး ဖြစ်သူ အဘွား ဒေါ်ရှင်မှာ မီးလောင်မှုထဲတွင် သေဆုံးခဲ့ရသည်ကို တွေ့ရပြီး ဒေသခံများက သေဆုံးသူ၏ ခန္ဓာကိုယ်ကို ကြိုးစား ထုတ်ယူခဲ့ပါသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် မင်းရွာမှ ရွှေ့ပြောင်းသွားပြီဖြစ်သည်” လို့ အရာတော်ဒေသ မြေပြင်သတင်းတွေ တင်ဆက်နေတဲ့ အရာတော်ပို့စ်က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ သြဂုတ်(၁)ရက်ကနေ (၂)ရက်အထိ မြင်းမူမြို့နယ် လက်ပံကျင်းရွာထဲ လေကြောင်းရော မြေပြင်ကပါ ပစ်ခတ်စီးနင်းကာ ထင်တိုင်းကျဲ လုယက် သ-တ်-ဖြတ် သောင်းကျန်း ဖျက်ဆီးခဲ့ပြီးနောက် မြင်းမူနဲ့ ထိစပ်နေတဲ့ မင်းရွာ၊ ကန်ရင်း၊ ဇီးပင်လယ်၊ ရသာ၊ ညောင်ပင် စတဲ့ အရာတော်နယ်ထဲက ရွာတွေထဲ အဖွဲပတွေခွဲကာ ဝင်မွှေလုယက် ဓားပြတိုက် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

အရာတော်နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက်ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီး သ-တ်-ဖြတ်တာ၊ ရွာမီးရှို့တာတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေကို သြဂုတ်(၄)ရက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုကလည်း မင်းရွာကြီးထဲ ရဟတ်ယာသ်နဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မင်းရွာကျေးရွာကို စစ်အုပ်စုက လုယက် ဓားပြတိုက် မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

အရာတော်နယ် တောင်ပိုင်း၊ အရာတော် - မြင်းမူနယ်အစပ်မှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေ သောင်းကျန်းနေလို့ အရာတော် - ထီးဆောင်း - မြင်းမူလမ်းကို ဒေသခံပြည်သူတွေ ဖြတ်သန်းသွားလာတာ မလုပ်ကြဘဲ စစ်အုပ်စုကို သတိထား ရှောင်ရှားကြဖို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ပကဖ က သြဂုတ်(၃)ရက်မှာ သတိပေးကြေညာချက် ထုတ်ပြန်ပါတယ်။

အရာတော်နယ် မင်းရွာကြီးမှာ ဆွမ်းလောင်းပွဲ ကျင်းပနေစဉ် (ပုံဟောင်း)/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #ရွာ #မြင်းမူ #မင်းရွာ #မီးရှို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ